MRTV - 4 ရုပ်သံဇာတ်လမ်းတွဲလေးများဖြစ်တဲ့ " Flowes And Butterflies၊ ဝိညာဉ်ရှိုက်သံ၊ရနံ့ပြယ်နှင်းဆီ၊ဝင်္ကပါစံအိမ်နဲ့ ရတနာထဲက ရတနာ စတဲ့ဇာတ်လမ်းတွေနဲ့ ပရိသတ်တွေရင်ထဲဝင်ရောက်လာသူလေးကတော့ မင်းသမီးချော မြတ်သူသူဇင်ပဲ ဖြစ်ပါတယ်။သူမကတော့ တစ်ကားထက်တစ်ကား ပိုမိုကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ မြင်တွေ့လာရပြီး လက်ရှိမှာတော့ ပရိသတ်အားပေးမှုအခိုင်အမာနဲ့ အောင်မြင်နေပြီဖြစ်တဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။အနုပညာမှာလည်း ထူးချွန်တဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို တကယ့်ကို တည်ငြိမ်အေးချမ်းလှတဲ့ တော်ဝင်တဲ့အလှတွေ ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအချစ်ပိုနေကြရတဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ 

ဒီလိုချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးရဲ့ နှလုံးသားရေးရာ အချစ်ရေးဟာလည်း ပရိသတ်တွေအတွက်တကယ်ကို စိတ်ဝင်စားစရာအရာ လေးတစ်ခုအဖြစ်ရှိနေပါတယ်။သူမကတော့ လက်ရှိမှာ ချစ်ရတဲ့ချစ်သူကောင်လေးရှိနေတာဖြစ်ပြီး ပရိသတ်တွေစိတ်ဝင်စား နေတဲ့သူမရဲ့တစ်ယောက်သောသူလေးကို အလင်းပြရင်းပြန်လည်ဖောက်သည်ချပေးလိုက်ပါတယ်နော်။သူမတို့စုံတွဲလေးကတော့ တကယ့်ကို အားကျစရာကောင်းလောက်တဲ့ ကြည်နူးစရာစုံတွဲလေးပဲ ဖြစ်ပါတယ်နော်။

သူမကိုယ်တိုင်လည်း သူမရဲ့ လူမှုကွန်ယက်မှာ သူတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာအမှတ်တရပုံရိပ်လေးတွေ တင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ အလင်းပြလိုက်တာပဲ ဖြစ်ပါတယ်။ချစ်သူကောင်လေးရဲ့ ဂရုစိုက်မှုအလိုလိုက်မှုချစ်ခြင်းမေတ္တာတွေကြောင့် မြတ်သူသူဇင်တစ်ယောက်ကတော့ အရမ်းကိုစိတ်ချမ်းသာမြေ့ပျော်ရွှင်နေတယ်ဆိုတာ မျက်နှာပေါ်ကအပြုံးလေးတွေကိုကြည့်ရင်သိနိုင်ပါတယ်နော်။ တကယ်ကိုနေနဲ့လရွှေနဲ့မြအသွင်နဲ့ လိုက်ဖက်လွန်းတဲ့ မြတ်သူသူဇင်တို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - မြတ်သူသူဇင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။