ချစ်ပရိတ်သတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး နွယ်ဒါလီထွန်းကို ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ ကိုရီးယားမင်းသမီးလေးလား ထင်မှတ်ရအောင် ချစ်စရာကောင်းနေပြီး ဖက်ရှင်ပိုင်းမှာလည်း စမတ်ကျကျ ဝတ်ဆင်တက်သူ တစ်ယောက်ဖြစ်ပါတယ်။သူမဟာ Oramin-F miss ပြိုင်ပွဲမှာ Winner ရခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေးဘဲ ဖြစ်ပါတယ်။

သူမဟာ အနုပညာအလုပ်တွေ လုပ်နေတယ်လို့ လည်းသိရပါတယ်။သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးများကိုလည်း ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိရာ လတ်တလောမှာတော့ Designer Shwe Yoke ရဲ့ဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်ကာ ချစ်စရာကောင်းနေတဲ့ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။သူမကို ပိုမိုလှပအောင် ဖန်တီးလိမ်းခြယ်ပေးသူကတော့ Foe Foe Crystal ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ အမြဲဖက်ရှင်ကျနေတဲ့ သူမကတော့ အနက်ရောင် ဂါဝန်လေးနဲ့လည်း ကြွေရုပ်လေးပမာ လှနေတဲ့ပုံရိပ်လေးတွေကလည်း ပရိတ်သတ်တွေရဲ့ အချစ်ကိုပိုစေမှာအမှန်ပဲဖြစ်ပါတယ်။ 

ကြွေရုပ်လေးလား ထင်မှားလောက်တဲ့ သူမရဲ့ ချစ်စရာဟန်ပန်လေးတွေကြောင့် မိန်ကလေး အများစု အားကျနှစ်သက်နေတာလည်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း နွယ်ဒါလီထွန်းရဲ့ အနက်ရောင်ဂါဝန်လေးနဲ့ စမတ်ကျလှနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။နွယ်ဒါလီထွန်းလည်း ဒီထက်မက အောင်မြင်မှုတွေ ရပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:Nwe Darli Tun

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။