နေခြည်ဦးဆိုတာနဲ့ Beauty by Naychi ဆိုတဲ့ နာမည်နဲ့အောင်မြင်ကျော်ကြားနေတဲ့ Make-up Blogger တစ်ဦးဆိုတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ ။ ချစ်စဖွယ်အမူရာလေးတွေနဲ့ သွက်လက်ဖျတ်လတ်တဲ့ ဟန်ပန်လေးတွေကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင် အားပေးမှုကို ရရှိထားသူလေးလည်းဖြစ်ပါတယ် ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာတဲ့ သူမကို မိန်းကလေး ပရိသတ်တော်တော်များများက Idol အဖြစ်သတ်မှတ်ပြီး လေးစားအားကျတာကို ခံနေရသူဆိုလည်းမှားမယ် မထင်ပါဘူး နော် ။

သူမဟာ ဇူလိုင်လ ၂၉ရက်နေ့က LUSH Magazine နဲ့ Revlon တို့ အဓိကဦးစီးကျင်းပတဲ့ Fashion and BeautyEvent ပွဲအခမ်းအနားလေးကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ် ။ သူမဟာ ခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်း အရမ်းကိုလှလာတဲ့အပြင် သူမရဲ့ ရောင်စုံဆံပင်အတုလေးတွေကလည်း သူမအလှကိုထပ်ဆင့် ပိုတိုးစေတယ်လို့ထင် ပါတယ် ။ သူမဟာ မနက်ဖြန်ညဆို Japan သွားမှာဖြစ်ပြီးသူမရဲ့ Live လေးတွေကိုစောင့် ကြည့် ပေးပါလို့ ပြောခဲ့ပါသေးတယ် ။ သူမဟာ ခဲပြာရောင်ဆံပင်လေးနဲ့အဖြူရောင်ဝတ်စုံလေး ဝတ်ပြီး ရယ်မောပျော်ရွှင်နေတာ တကယ်ကိုကြွေချင်စရာကောင်းလွန်းနေပါတယ် ။

မိန်းကလေးပရိသတ်တွေရဲ့ Idol အဖြစ်လေးစားအားကျခြင်းကိုခံနေရတဲ့ သူမဟာ အမြဲတမ်း အမိုက်စားဖက်ရှင်တွေနဲ့ လန်းဆန်းတက်ကြွနေတဲ့သူမဟာ ဒီနေ့မှာတော့ ခဲပြာရောင်ဆံပင်လေးနဲ့ အကျီအဖြူလေးဝတ်ပြီးအရမ်းကို လှပနေတာပါ ။ နေခြည်ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ချစ်စဖွယ် ပုံရိပ်လေး ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။