အဆိုတော်မလေး နန်းသူဇာကတော့ အသံချိုချိုလေးနဲ့ သီချင်းတွေ သီဆိုတတ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကလည်း အားလုံးရဲ့စိတ်ကို သိမ်းပိုက်ဖမ်းစားနိုင်ပါသေးတယ်။ အခုလည်း နန်းက ဖက်ရှင်ရှိုးပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ သူမရဲ့အလှပုံလေးတွေကို facebook မှာ တင်ထားတာ တွေ့ရပါတယ်။

နန်းသူဇာက မပုံရဲ့ Prestige Wedding Showcase ပွဲကို ဇူလိုင် ၂၉ရက်နေ့က တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆန်းသစ်လှပစွာ ချုပ်လုပ်ထားတဲ့ မပုံ့ရဲ့ Ready to wear outfit လေးနဲ့အတူ နန်းသူဇာက တစ်မူထူးခြားစွာ ဘိုဆန်ပြီးလှနေတာ တွေ့ရပါတယ် ။ ကလေးဆန်ဆန်အပြုံးလေးတွေရဲ့ပိုင်ရှင် နန်းတစ်ယောက် ဘာဘီရုပ်လေးသဖွယ် လှနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နုပျိုပြီးချစ်စရာကောင်းတဲ့သူမက ပရိသတ်တွေအတွက် အမြဲလိုလို သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ဝေမျှပေးလေ့ရှိပါတယ်။ ဒါ့အပြင် သူမက ချစ်သူဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေရဲ့ ရှိုးပွဲတွေမှာလည်း အားပေးကူညီပေးလေ့ရှိတာ တွေ့ရပါတယ်။ ကဲ ပရိသတ်တွေလည်း မြင်သူတိုင်း သဘောကျချစ်မိသွားစေမယ့် နန်းသူဇာရဲ့ အနက်ရောင်ဖက်ရှင်နဲ့ ပုံရိပ်အလှလေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nan Thuzar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။