ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ယောက်ဖြစ်နေတဲ့ မော်ဒယ်မင်းသားချောပိုင်တံခွန်ကတော့ လက်ရှိ အချစ်ရေးနဲ့ပတ်သက်ပြီး တရားဝင်ပြောပြထားခြင်းမရှိသေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာခန ခံစားချက်တွေကို ဖွင့်ပြောပြလေ့ရှိသူတစ်ယောက်ဖြစ်ပြီး အနုပညာလောကရဲ့ နာမည်ရကြယ်ပွင့်တစ်ဦးလည်းဖြစ်နေပါပြီ။ 

အချစ်ရေးနဲ့ပတ်သက်ပြီး မကြာခနပြောပြတက်တဲ့ပိုင်တံခွန်တစ်ယောက်ဒီကနေ့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ထပ်မံပြောပြထားတာတွေ့ရပါတယ်။ ဒီကနေ့ ပြောပြခဲ့တဲ့ စာသားလေးတွေမှာတော့ အလယ်တန်းအရွယ်ထဲက စိတ်ဝင်စားခဲ့တဲ့ မမတွေနဲ့ပတ်သက်ပြီးပြောပြခဲ့တာပဲဖြစ်ပါတယ်။  

ပိုင်တံခွန်ရဲ့ စာသားလေးကတော့

"ဆယ်ကျော်သက်အရွယ် က တချိန်လုံး မ အရွယ်ဘဲ ချစ်ခဲ့ဖူးတယ်....

၅ တန်းလောက်နဲ့ ဆယ်တန်းက အမတွေကို ကြိုက်ခဲ့တာမျိုး

အခုကျတော့လည်း"ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ မမကြီးတွေကိုမှာ စိတ်ဝင်စားပါတယ်ဆိုတဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေးကို ချစ်ပရိသတေ်တွ သိစေရန်မျှဝေပေးလိုက်ပါတယ်။

Photos - Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။