ပရိသတ်ကြီးရေ "ဇာတိမြေ" ဆိုတဲ့ ရုပ်ရှင်ကားကြီးကတော့ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဖန်တီးထားတဲ့ ထူးခြားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ရသမျိုးစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားဖြစ်ပြီး ကြက်သီးထစဖွယ်ကောင်းလောက်အောင် ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဖြင့် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရန်အောင်၊အောင်ရဲလင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ ရိုက်ကူးထားပြီး အထူးသရုပ်ဆောင်အဖြစ် မိုရိစခိဝင်းအပြင် ဂျပန်-မြန်မာ သရုပ်ဆောင် များစွာဖြင့် ရိုက်ကူးထားတာ ဖြစ်ပါတယ် ။

နိုင်ငံကျော် သရုပ်ဆောင်မင်းသားဖြစ်တဲ့ အောင်ရဲလင်းကလည်း "ဇာတိမြေ" ဇာတ်ကားကြီးမှာ အပီပြင်ဆုံးနဲ့ သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက တစ်ခြားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေရတဲ့ လူငယ်ကျောင်းသားတစ်ယောက်ရဲ့နေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သူက "တစ်ကားထွက်ရင် တစ်ကားဆိုသလောက် ပီပီပြင်ပြင် ပြောင်ပြောင် မြောက်မြောက် ကောင်းချင်တယ်" ဆိုပြီး ခံယူထားတာကြောင့် ရုပ်ရှင်ကားတွေကို ရွေးချယ်ရိုက်ကူးနေပြီး သရုပ်ဆောင်ချက်တွေကလည်း ပိုပြီးထိမိကောင်းမွန်လာတာကို တွေ့ရပါတယ်။

လတ်တလောမှာ "ဇာတိမြေ" ဇာတ်ကားကြီးက ရုံတင်ပြသနေတာဖြစ်ပြီး ပရိသတ်အားပေးမှုနဲ့ ဝေဖန်ချက်တွေကလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ ဒါ့အပြင် ဇူလိုင်၂၉ရက်နေ့ကလည်း "ဇာတိမြေ" ဇာတ်ကားရဲ့ လက်မှတ်ရေးထိုးပွဲကို Junction City-JCGV မှာ ပြုလုပ်ခဲ့ပြီး အောင်ရဲလင်းနဲ့ အနုပညာရှင်တွေက တက်ရောက်ခဲ့ကြပါတယ်။ ကဲ ဇာတိမြေ ကိုချစ်ကြတဲ့ ပရိသတ်ကြီးအတွက် အောင်ရဲလင်းနဲ့အတူတွေ့ရတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Source: Lay Kyi Phyu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။