အကယ်ဒမီရ သရုပ်ဆောင်မင်းသမီးချောလေးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုင်ဖြိုးသုကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် လက်ရှိရေပန်းစားမင်းသမီးတစ်ဦးလည်းဖြစ်နေပါတယ်။ ပိုင်ဖြိုးသုကတော့ မကြာသေးမီ ခန့်အပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန်တစ်ဦးလည်းဖြစ်ပါတယ်။  

လက်ရှိ အနုပညာအလုပ်တွေနဲ့အတူဖြတ်သန်းနေပြီး ပျော်ရွှင်မှုများစွာကို ရရှိပိုင်ဆိုင်ထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့ ပရိသတ်အချစ်တော်ပိုင်ဖြိုးသုကတော့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြသလိုက်တာတွေ့ရပါတယ်။  

အဆိုပါ ပွဲလေးကတော့ DESIGNER MA PONT WEDDING SHOW ပွဲလေးပဲဖြစ်ပြီး ချစ်စရာပုံရိပ်လေးတွေကို အမှတ်တရအဖြစ်ပြသလိုက်တာတွေ့ရပါတယ်။ လက်တလော ပိုင်ဖြိုးသုရဲ့ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Paing Phyo Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။