ပရိသတ်အချစ်တော် MRTV - 4 ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချောလေး မြတ်သူသူဇင်ကတော့ လက်ရှိမှာတကယ်ကို စိတ်ရှုပ်စရာအခြေအနေတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။သူမကြုံတွေ့ရတဲ့ ကိစ္စလေးကတော့ တော်တော်လေးကိုခေါင်းခြောက်စရာကိစ္စ တစ်ခုဖြစ်ပြီး သူမရဲ့ ဂုဏ်သိက္ခာပိုင်းကိုထိခိုက်စေသလို၊မကြာသေးခင်မှ ပရိသတ်တွေကို တရားဝင်အသိပေးလိုက်တဲ့ သူမရဲ့ချစ်သူကောင်လေးအပေါ်မှာလည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေပါ ခံနေရတာပဲဖြစ်ပါတယ်။အကြောင်းကတော့ ဖေ့ဘွတ်ခ် အကောင့်တစ်ခုဟာ မြတ်သူသူဇင်ရဲ့ ဓာတ်ပုံတွေတင်မကပဲ သူမရဲ့ လက်ရှိဘဝအကြောင်း၊ မိသားစုအကြောင်း၊အနုပညာလုပ်ငန်းများအကြောင်း အကုန်လုံးကို တစ်ပုံစံထဲလိမ်ညာပြောခဲ့ပြီး မြတ်သူသူဇင်ပုံစံနဲ့ သုံးနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါတင်မကသေးပဲ အဲ့ဒီအကောင့်ပိုင်ရှင်ဟာ အမျိုးသားတစ်ဦးနဲ့လည်း (၃)ကျော်ကြာချစ်သူတွေဖြစ်ခဲ့ကြပြီး အဲ့ဒီအကောင်ပိုင်ရှင်နဲ့ ချစ်သူဖြစ်ခဲ့တဲ့ အမျိုးသားကတော့ တကယ့်အစစ် မြတ်သူသူဇင် လို့ထင်နေခဲ့တာပဲ ဖြစ်ပါတယ်။မကြာသေးခင်က မြတ်သူသူဇင်ဟာ သူမရဲ့ Official အကောင့်ကနေ သူမရဲ့လက်ရှိချစ်သူကောင်လေးနဲ့ RS ချိတ်လိုက်တဲ့အခါမှာတော့ ခုနကအမျိုးသားဟာ သူကိုသစ္စာဖောက်တယ်ရှုပ်တယ်ထင်ပြီး မြတ်သူသူဇင်ရဲ့ကောင်လေးကိုသတ်မယ်ဆိုတဲ့အထိ ခြိမ်းခြောက်မှုတွေပြုလုပ်လာခဲ့တာပဲ ဖြစ်ပါတယ်။တကယ့်ကို အံ့သြစရာကောင်းလောက်အောင်ရှုပ်ထွေးလွန်းတဲ့ ပြသနာလေးလို့ပဲဆိုရပါမယ်နော်။  

သူမကြုံတွေနေရတဲ့ အကြောင်းစုံကိုလည်း သူမရဲကလူမှုကွန်ယက်ကနေ Screen Shot များနဲ့အတူ ရှင်းပြထားခဲ့ပြီး လက်ရှိမှာတော့ အဖြစ်မှန်ကို ဖော်ထုတ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။သူမရဲ့ဓာတ်ပုံတွေနာမည်တွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ အမျိုးသမီးကတော့ စလိုက်တာလွန်သွားဆိုပြီး လူမှုကွန်ယက်ကနေ လာရောက်တောင်းပန်ခဲ့ပါတယ်။သူမအတွက်တော့ တကယ်ကို အံ့သြလောက်အောင်ရှုပ်ထွေးလွန်းတဲ့ စိတ်ရှုပ်စရာဖြစ်ခဲ့ပြီး " ကိုယ်ရှုပ်ထားတာ ကိုယ်ရအောင်ပြန်ရှင်းပါ မဟုတ်ရင်တော့ အမလည်းခုထက်ပိုသည်းမခံချင်တော့ဘူးလို့" သတိပေးစကားလေးဆိုလိုက်ပါတယ်။ပရိသတ်အချစ်တော် မြတ်သူသူဇင်တစ်ယောက်အခုလိုစိတ်ရှုပ်စရာကိစ္စတွေကနေ အမှန်ဆုံးပြေလည်ပြီး အေးအေးချမ်း ချမ်းနဲ့ အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါအုန်းနော်။  

သတင်းအရင်းအမြစ် - မြတ်သူသူဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။