ဒဂုံမြို့နယ်တွင် အငြိမ်းစား ပါမောက္ခတစ်ဦး အသတ်ခံရ

ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ရွှေနဂါးဝင်းအတွင်း တိုက်အမှတ် ၂၉၂ (B) လေးလွှာ၌ နေထိုင်သူ အသက် ၆၇ နှစ်အရွယ် အငြိမ်းစား ပါမောက္ခတဦး ယနေ့နေ့လည်ပိုင်းက အသတ်ခံရမှုဖြစ်ပွား ခဲ့ သည်။

အသတ်ခံရသူမှာ ဓာတုဗေဒ အငြိမ်းစားပါမောက္ခ ဦးထွန်းအောင်လင်းဖြစ်ပြီး၊ အခန်းနေအိမ်အတွင်း တဦးတည်းရှိစဉ် အသတ်ခံရခြင်းဖြစ်ကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

အခင်းဖြစ်ပွားသည့် အခန်းအောက်ထပ်တွင် နေထိုင်သူ ကိုနန္ဒက “ပထမက အော်ဟစ်ငိုသံကြားတော့ စကားများတယ်ပဲထင်တာ၊ နောက်မှ လူသတ်သွားလို့ဆိုပြီးအော်တော့မှ သွားတက်ကြည့်တော့ လူက တောင့်နေပြီ၊ အော်တဲ့သူ့အမျိုးသမီး ဆရာမကြီးလည်း သူပြန်လာမှသိတာထင်တယ်၊ ကျနော်တက် ကြည့်တော့ မွန်းတည့် ၁၂ နာရီလောက်ရှိပြီ”ဟု ဖြစ်စဉ်ကိုပြောပြသည်။

အမှုဖြစ်ပွားမှုအပေါ် ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိရာတွင် လမ်းထိပ်တွင် CB ဘဏ်ရှိသည့် အတွက် ဘဏ်တွင်တပ်ဆင်ထားသည့် စီစီတီဗီ မှတ်တမ်းတွင် ကျူးလွန်သူများ၏ ပုံရိပ်ဖမ်းမိနိုင်ကြောင်းလည်း ရပ်ကွက်အတွင်းနေသူများက ပြောသည်။

လက်ရှိတွင် အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

Source: Crime

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။