မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိပိုင်ဆိုင်ထားပြီး အားလုံးကချစ်ခင်ရတဲ့ မင်းသားနေတိုးကတော့ ကယန်းရွာလေးမှာ ပျော်နေပါတယ်..။

မင်းသားနေတိုးကတော့ ကယန်းရွာလေးမှာ “ချည်” ရုပ်ရှင်ဇာတ်ကားကို မင်းသမီးချောလေး သက်မွန်မြင့်၊ ရွှေသမီးတို့နဲ့အတူရိုက်ကူးနေတာဖြစ်ပြီး လှပတဲ့ရှုခင်းလေးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကလည်း တကယ်ကို ပျော်ရွှင်စရာလေးပါပဲ ပရိသတ်ကြီးရေ..။

မြို့ပြတွေနဲ့မတူဘဲ အေးချမ်းလှပတဲ့တောတောင်ရှုခင်းတွေအပြင် ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့လေးတွေနဲ့ ယကန်းရွာလေးမှာ ကယန်းတိုင်းရင်းသား ပဒေါင်လူမျိုးတွေနဲ့ တွေ့ဆုံရင်း အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

“ကျွန်တော်တို့ အားလုံးကျန်းမာစွာဖြင့် အနုပညာတာဝန်များကို ထမ်းဆောင်လျှက်ရှိပါကြောင်း ထာဝရ လေးများဆီသ့ို...” ဆိုပြီးတော့လည်း ပရိသတ်ပေးတဲ့အနုပညာတာဝန်တွေကို တတ်ညီလက်ညီထမ်းဆောင်နေကြတဲ့အကြောင်းလေးကိုလည်း အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ ရေးသားပြောပြထားတာလည်း တွေ့ရပါတယ်..။

“ချည်” ရုပ်ရှင်ဇာတ်ကားကတော့ နှစ်အနည်းငယ်ကြာပြီးမှ ပီပြင်တဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ညီလွန်းတဲ့ နေတိုးနဲ့ချစ်သက်လေးတို့ အနုပညာရှင်သူငယ်ချင်းနှစ်ယောက် ပြန်လည်ဆုံတွေ့ကြတဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး..။

ပဒေါင်ရွာလေးမှာ ကြိုးကြိုးစားစားပျော်ပျော်ရွှင်ရွှင်ရိုက်ကူးနေကြတဲ့ နေတိုးနဲ့ “ချည်” အဖွဲ့သားတို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေနဲ့အတူ အမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ ပုံလေးတွေကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နေတိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။