Myanmar's Got Talent အစီစဉ်ကတော့ မြန်မာနိုင်ငံက လူမသိသေးတဲ့ ရွက်ပုန်းသီး ပညာ ရှင်လေးတွေကို ဖော်ထုတ်နေတဲ့ အစီစဉ်လေးတစ်ခုဘဲ ဖြစ်ပါတယ် ။

အနယ်နယ်အရပ် ရပ်က ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ပြသခွင့်ရတဲ့ ပွဲတစ်ခုဆိုလည်း မမှားပါဘူး ။

ဒိုင်တွေဖြစ်တဲ့ ချစ်သုဝေ ၊ ဒါရိုက်တာ မောင်သီ ၊ မောင်မောင်အေး နဲ့မို့မို့မြင့်အောင် ၄ယောက် လုံး ပါးစပ်အဟောင်းသားနဲ့ အံ့သြစေခဲ့တဲ့ မှော်ပညာပြကွက်တွေကို ပြသခဲ့တာဘဲဖြစ်ပါတယ် ။ သေဆုံးသွားတဲ့ သူ့သူငယ်ချင်းက ကူညီနေတယ်ဆိုတဲ့ ပုံစံနဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ မောင်မောင်အေး တစ်ယောက် လန့်အော်တဲ့ထိ ကောင်းမွန်ပြီး ခြောက်ခြားစရာ အံသြဖွယ်ပြကွက်တွေကို ပြသခဲ့တာ တကယ်ကို သဲထိတ်ရင်ဖိုပါဘဲ ။ ရွက်ပုန်းသီး ဝါသနာရှင်လေးတွေထဲမှာ အခုလို Talent တွေရှိနေတာ မြန်မာနိုင်ငံအတွက် တကယ်ကိုဂုဏ်ယူစရာပါဘဲ ။

ခုလို မြန်မာနိုင်ငံက ပါရမီရှင် ရွက်ပုန်းသီးလေးတွေကို ဖော်ထုတ်ပေးနေတဲ့ပွဲမှာ Parker Joht ရဲ့စွမ်းရည်တွေကို ပြသနိုင်ခဲ့တာပါ ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတတ်ပညာ တစ်ခု မှာ ထူးချွန်တတ်မြောက်ထားပြီး ဝါသနာအရင်းခံကြိုးစားခဲ့တဲ့Parker Joht တစ် ယောက် ဆက်လျှောက်မယ့် ဘဝလမ်းကြောင်းမှာလည်း အောင်မြင်မှုတွေရပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်နော် ။ ချစ်ပရိတ်သတ်ကြီးအတွက် သူ့ရဲ့မှော်ဆန်ဆန် ပြကွက်လေးတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Source : Myanmar's Got Talent

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။