သရုပ်ဆောင်ရွှေကစ်ကိုတော့ ချစ်ပရိသတ်ကြီးချစ်မှာပါ။သူမကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ချစ်ပရိသတ်တွေရဲ့ အသည်းကျော်အနပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။သူမကတော့ ယခုမှာ သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ဇာတိမြေ" ရုပ်ရုင်ဇာတ်ကားလက်မှတ်ထိုးပွဲကိုတတ်ရောက်နေပြီး ချစ်ပရိသတ်တွေနဲ့တွေ့ဆုံနေပါတယ်။ 

သူမကတော့ " မနေ့က Junction City မှာ'ဇာတိမြေ' ကို ဝက်ဝက်ကွဲ တိုးကျိတ်ပီး လာအားပေးကြတဲ့ ချစ်စရာ ကောင်းလွန်းတဲ့ ပရိတ်သတ် တစ်ဦးစီကို ကျေးဇူးအထူး ပင် တင်ရှိပါကြောင်း အတွေ့အကြုံ အရ အရင် ဇာတ်ကားတွေ လက်မှတ်ထိုးတုန်းကထက် လူဦးရေ ဝက်ဝက်ကွဲပိုများပါကြေင်းKFC (Kit Fan Club) တွေ ကလည်း တပြုံတမကြီး လာဝန်းရံတော့လည်း အရမ်းအရမ်းကျေနပ်ပါကြောင်း " ပြောကြားခဲ့ပါတယ်။

သူမကတော့ ဇာတိမြေရုပ်ရှင်ဇာတ်ကားကို လာရောက်အားပေးတဲ့ မိန်းကလေးပရိသတ်တစ်ဦးရဲ့ ဖက်နမ်းတာကိုခံလိုက်ရပါတယ်။သူမကတော့ ဇာတိမြေရုပ်ရှင်ဇာတ်ကားကို လာရောက်အားပေးခဲ့တဲ့ ပရိသတ်တွေနဲ့ ပျော်စရာကောင်းတဲကနေ့လေးတစ်နေ့တူတူ ဖြတ်သန်းနေကြပါတယ်။ဇာတိမြေရုပ်ရှင်ဇာတ်ကားမှာ သူမကတော့ အကယ်ဒမီရန်အောင် အောင်ရဲလင်းတို့နဲ့အတူ သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ ဝန်းရံမှု အားပေးမှုကိုရရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။

source: Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။