ပရိသတ်အချစ်တော်မိစန္ဒီကတော့လက်တလောမှာသီချင်းအသစ်လေးတွေဆက်တိုက်ဆိုသလိုထွက်ရှိနေပြီး ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျစေတဲ့သီချင်းလေးတွေနဲ့ ရေပန်းစားလျက်ရှိပါတယ်။သူမကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက "မွဲနေပြီ (EmptyPocket)"လို့အ မည် ရတဲ့သီချင်းလေးနဲ့ ပရိသတ်တွေအားလုံးရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း သီချင်းအသစ်လေးတစ်ပုဒ်ထပ်မံ ထွက်ရှိထားပြီး ဒီသီချင်းလေးကတော့ နိုင်ငံခြားအဆိုတော်တစ်ဦးနဲ့ တွဲဖက်ဖန်တီးထားတဲ့ သီချင်းအလန်းလေးပဲ ဖြစ်ပါတယ်။ 

ဒီသီချင်းလေးရဲ့ နာမည်ကိုတော့ " High-5 (ရိုက်လိုက်)" လို့အမည်ပေးထားပြီး အဆိုတော် Lancifer နဲ့အတူတွဲဖက်သီဆိုကာ ပရိသတ်တွေကြားဖူးနေကြသီချင်းပုံစံလေးထဲက ခွဲထွက်အောင်ဖန်တီးထားတဲ့သီချင်းပုံစံအသစ်လေးပဲ ဖြစ်ပါတယ်။ဒီသီချင်းလေးမှာတော့ အယူအဆမတူတိုင်း ရန်သူတွေဖြစ်စရာမလိုသလို မုန်းစရာလည်းမလိုကြောင်း peace သီချင်းလေးပါ အဓိကကတော့ haters တွေကို ရည်ရွယ်ပြီးရေးထားတဲ့သီချင်းလေးဖြစ်တယ်လို့သိရပါတယ်။ခပ်လန်းလန်းတီးလုံးအမိုက်စားလေးတွေနဲ့ ကလိုခုန်လို့ကောင်းမယ်သီချင်းလေးပဲ ဖြစ်ပါတယ်။ 

သီချင်းစာသားလေးတွေဟာလည်းတကယ့်ကို လေးလေးနက်နက်နဲ့ အဓိပ္ပါယ်မာျးစွာပြည့်ဝနေတာဖြစ်ပြီးနားထောင်သူပရိသတ်တွေ အတွက်တကယ့်ကို ရင်ထဲတစ်ခုခုကျန်စေခဲ့မယ်လို့ထင်ပါတယ်။Music MTV လေးကိုလည်းရန်ကုန်မြို့ရဲ့ Public Area တွေမှာရိုက်ကူးထားပြီးတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့အပြင် ဘယ်လောက်ထိကြိုးစားထားလဲဆိုတာကို ဗီဒီယိုလေးကြည့်တာနဲ့ သိနိုင်ပါတယ်နော်။နိုင်ငံခြားအဆိုတော် Lanciferနဲ့ အတူ အတိုင်အဖောက်ညီညီနဲ့ သေချာကြိုးစားပြီး အတူတူရေးသားသီဆိုထားတဲ့ High-5 (ရိုက်လိုက်)သီချင်းလေးကိုလည်း ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - မိစန္ဒီ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။