ဟန်တီဟာဆိုရင် အသက်(၁၅) နှစ်လောက်ထဲက အနုပညာလောကကို ဝင်လာခဲ့တဖြစ်ပြီး Miss ပြိုင်ပွဲတွေနဲ့Modeling & Photo shooting ပိုင်းတွေမှာ နေရာရခဲ့သူ ဖြစ်ပါတယ်။ New York Film Academy ထိ ရုပ်ရှင်အနုပညာကိုလေ့လာခဲ့ပြီး ယခုဆိုရင် ရုပ်ရှင်လောကတွေထိ ခြေဆန့်လာပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးနေပြီးဖြစ်ပါတယ်။ အဆိုဘက်မှာလည်း ပါရမီ ပါသလို "မချစ်တတ်သေးဘူး " သီချင်းခွေ Album တစ်ချပ် ထုတ်ဝေခဲ့ပြီးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့ပြီးဖြစ်ပါတယ်။

ဟန်တီဟာ Miss Face of Myanmar ဆု၊ Miss Supranational 2014 ဆု ရရှိခဲ့ပြီးနောက် နောက်ထပ်Miss ပြိုင်ပွဲတွေ မှာ အတွေ့နည်းလာတာဖြစ်ပါတယ်။ ယခုဆိုရင် Miss ပြိုင်ပွဲတွေကို သူမ တဖန်ပြန်လည် ခြေလှမ်းလာပြီးဖြစ်ပါတယ်။ သူမဟာ အသက်(၂၁)သာရှိသေးပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာကော ပညာရေးမှာ ပါ ထွန်းပေါက်အောင်ကြိုးစားနိုင်သူပါ။ လက်ရှိမှာဆိုရင် Miss World Myanmar ရဲ့ Top (20) စကာတင် အယောက်(၂၀) ကို ကျော်ဖြတ်လို့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အလှမယ် တစ်ဦး Winner ဆုရှင်အဖြစ် သရဖူဆောင်းခဲ့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Miss Myanmar World 2018 Winner ဆုကြီး ရရှိပြီး မြန်မာ့ ဂုဏ်ဆောင်မဲ့ အလှမယ်တစ်ယောက် အနေနဲ့ သူမဟာ စံပြအနေနဲ့ လှူဒါန်းမှုတွေ ၊ ပရဟိတလုပ်ငန်းတွေက ကိုယ်တိုင်ပါဝင်လို့ ကြိုးစားနေသလို လက်ရှိမှာလည်း ရှမ်းလူငယ်များအသင်းနဲ့အတူ ကိုးမိုင် ရှမ်းဘုရားကျောင်းမှာ အလှူရေစက်ချ ပွဲကို တက်ရောက်ခဲ့ပါတယ်။ရှမ်းမလေး တစ်ယောက် လို ဝတ်ဆင်ပြီး ခပ်မြင့်မြင့် ဆံထုံးလေးကို ထုံးကာ လှပနေတဲ့ဟန်တီရဲ့ အလှဟာ တကယ့်ကို အေးချမ်းနေတာမို့ ပရဟိတ အလှူတွေ ၊ အလုပ်တွေ လုပ်နေရတိုင်း ပြုံးပျော်နေတတ်တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖော်ပြလိုက်ရပါတယ်နော်။

source: Miss Myanmar World 2018 Winner;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။