ဂီတနယ်ပယ် ကို လေ့လာလိုက်စားသူတိုင်း ၊ အဆိုပညာရပ် ကို လေ့လာလိုက်စားသူတိုင်း သိရှိကြတဲ့ အထဲမှာ ဦးစောနုကို မသိတဲ့လူမရှိသလောက်ပါဘဲ ။ ဆရာ ဟာ တေးဂီတနယ်ပယ် က ဝါသနာရှင်တွေအတွက် ပညာရပ်တွေကို သင်ကြား ပို့ ချျပေးခဲ့တာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပါပြီ။ ဒီတစ်ခေက်မှာတော့ လက်ရှိရေပန်းစားနေတဲ့ မြန်မာအိုင်ဒေါ နဲ့ ပတ်သက်ပြီး ခပ်ထေ့ထေ့ ဝေဖန်မူတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။ ဆရာ ဦးစောနုရဲ့ အရေးအသားကြောင့် အိုင်ဒေါ ပရိသတ်တွေအကြားမှာ ဧရာမ ဝဲဂယက်ကြီးတစ်ခုကို ထကြွ စေခဲ့ပါတယ်။

ဦးစောနုက အင်တာဗျူးတစ်ခုမှာ မြန်မာပြည်သိန်းတန်ကို ချီးမြှောက်ပြောဆိုခဲ့ တဲ့ ဒေါ်နန်းခမ်းလောင် နဲ့ ပတ်သက် ပြီး တော်တေ်ာလေးဝေဖန်ထားတာကို တွေ့ရပါတယ်။ကလေးတွေဟာ တတ်လွန်းလို့လာပြိုင် ကြတာမဟုတ်ပါဘူး။ ဝါသနာပါလွန်းလို့သာ သူတို့ခမျာ တစ်နေကုန်ဒုက္ခခံ ပြီးလာပြိုုင်ကြတာပါ။ American idol မှာလို ထောက်ပြယုံနဲ့ မရပါဘူး ပြိုင်ပွဲဝင်ချိန်မှာရော တစ်ပါတ်အတွင်း သင်ကြားပေးမူ့ မှာရော မှန်ကန်တဲ့ အသံကို ထုတ်ပြပြီး သင်ကြားပေးနိုင်ရမှာဖြစ်ပါတယ်။ ဒါမှသာ ကလေးတွေအတွက် ပညာရသွားမှာ ဖြစ်ပါတယ် ။စားသားမှားတာ ရယ် အဝင်ထွက်လွဲ တာရယ် ထောက်ပြရုံနဲ့ ကလေးတွေပညာမရပါဘူး လို့ ပြိုင်ပွဲဝင်တွေဘက်ကနေ ပြောဆိုထားတာကို လည်း တွေ့ရပါတယ်။

ဆက်လက်ပြီး "အကုန်လုံး ကိုခြုံ ငုံ လိုက်ရင် ကလေးတွေကို voting စနစ်ဆိုပြီး ပရိတ်သတ်ဖက် ကို လွဲချလိုက်တယ် ပြီးတော့ဦးသိန်းတန်ကို ဂီတနဲ့ ပါတ်သတ်ပြီး တစ်ဖက်ကမ်းခတ်အောင်တော်တဲ့ အနုပညာရှင်တစ်ယောက်ဆိုပြီး ဂီတကိုအတွင်းကျကျ မသိပဲ ဦးသိန်းတန်ကိုမြေုာက်ပင့်ပေးလိုက်တယ် ။ ကျနော်တို့သင်ခဲ့တဲ့ ရုရှားနိုင်ငံ ကမ္ဘာနံပါတ်တစ်တန်းဝင် ဂီတ တက္ကသိုလ် ကျောင်းကြီးက ပါမောက္ခ ကြီးတွေတောင်မှ ကိုယ့်ကိုကိုယ် တစ်ဖက်ကမ်းခတ်တော်တဲ့ပညာရှင်လို့ မပြောဘူး မခံယူဘူး အကုန်ပညာသင်တွေပဲ ဘာဖြစ်လို့လဲဆိုတော့ ပညာဆိုတာ ဆုံးတယ်ဆို တာမှမရှိတာ ......." ဆိုပြီးပြောဆိုထားပါတယ်။ မကျေနပ်ရင် လူချင်းဆွေးနွေးနိုင်တဲ့ သဘောမျိုးလည်းရေးသားထားပါတယ် ။ ပရိသတ်ကြီးရေ Myanmar Idol မှာ ဦးစောနု ထောက်ပြခဲ့သလို ဖြစ်နိုင်တာတွေရှိတယ်ဆိုရင် မှတ်ချက်မှာအကြံပြုပေးခဲ့ပါနော်။

Source - U Saw Nu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။