Drake ရဲ့ In My Feeling သီချင်းလေးနဲ့ Kiki challenge လုပ်ပြီး အမိုက်စားကပြနေတဲ့ဗီဒီယိုဖိုင်ဟာ လတ်တလောလူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေပန်းစားနေပြီး အနုပညာရှင်တော်တော်များများကလည်း အမိုက်စားကကွက်လေးတွေနဲ့ ကပြထားကြပါတယ်..။

ခပ်မိုက်မိုက်ပုံစံဒီဇိုင်လေးနဲ့ ပရိသတ်အသည်းတွေကိုခြွေယူထားတဲ့ သရုပ်ဆောင်အဆိုတော်မလေး ဝါဆိုမိုးဦးကလည်း Kiki challenge လုပ်ပြီးအမိုက်စားကပြထားတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကိုတင်ပြီး စိန်ခေါ်လိုက်ပါတယ်..။

လှပပြီးအချိုးအစားကျတဲ့ အမိုက်စားBody ကိုပိုင်ဆိုင်ထားတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကတော့ ဆွဲဆောင်မှုရှိတဲ့အမိုက်စားကကွက်တွေနဲ့အတူ ပရိသတ်တွေကို စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်..။

“ကဲ အားလုံးကို Kiki challenge လိုက်ပြီနော်..” ဆိုပြီး သူမရဲ့ဗီဒီယိုလေးကို တင်ပေးလိုက်တာဖြစ်ပြီး အဲ့ဒီပို့စ်ရဲ့အောက်မှာလည်း မိတ်ဆွေသူငယ်ချင်းတွေကို Mention ခေါ်ပြီးလည်း ပြောထားပါသေူးတယ်..။

ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ ဝါဆိုကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူလေးလည်းဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၂၇)ရက်နေ့လေးမှာတော့ အသက်(၂၄)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်..။

အမိုက်စားကကွက်လေးတွေနဲ့ ကပြသွားတဲ့ ဝါဆိုရဲ့အလန်းစားဗီဒီယိုဖိုင်လေးကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဝါဆိုမိုးဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။