Game Comedy show တစ်ခုဖြစ်တဲ့ Running Man ဆိုတာနက် မြန်မာနိုင်ငံရဲ့ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်မှာပါ ။ အရမ်းရီရတဲ့ဟာသတွေနဲ့ စိတ်လှုပ်ရှားစရာ ပြိုင်ပွဲတွေကို February လ 2010 ထဲက စတင်ခဲ့တာဖြစ်ပြီး အခုချိန်ထိ အောင်မြင်နေဆဲ အစီစဉ်တစ်ခု ဘဲဖြစ်ပါတယ် ။ သူတို့ရဲ့ဂိမ်းတွေဟာ အာရှမှာအောင်မြင် ကျော်ကြား လူကြိုက်များခဲ့ပြီး အွန်လိုင်းမှာလည်း သူသိများတဲ့ ဂိမ်းအစီစဉ်တစ်ခုဖြစ်တဲ့အပြင် ဘာသာစကား ၁၄မျိုးနဲ့ပြန် လည်ထုတ်လွှင့်နေတဲ့ အစီစဉ်တစ်ခုဖြစ်ပါတယ် ။

အခုလို ၈နှစ်တိတိ နိုင်ငံတကာမှာလူသိများပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ဂိမ်းတွေကို ဆော့ကစားခဲ့တဲ့ Running man အဖွဲ့သားတွေဟာ ကမ္ဘာ့အဆင့်မီ ဇာတ်ကားတစ်ကား ဖြစ်တဲ့ မင်းသားကြီး တွမ်ခရု ပါဝင်တဲ့ Mission Impossible ကားထဲကမင်းသားတွေနဲ့ ဂိမ်းတွေကစားရင်တွေ့ဆုံခဲ့ပါတယ် ။ ဒီဂိမ်းကစားနည်းမှာ သတ္တိကောင်းတဲ့ တွမ်ခရုတို့ Mission Impossible အဖွဲ့နဲ့ ကြောက်တတ်တဲ့ Running man ကိုကိုတို့ရဲ့ အဖြစ်က တကယ်ကို ပရိသတ်ကို အူလှိုက်သည်းလှိုက်ရယ်မောစေခဲ့ပါတယ် ။ ဇာတ်ကားထဲမှာ တိုက်ခိုက်နေကြတဲ့ misssion impossible မင်းသားတွေကတော့ Running man အဖွဲ့နဲ့ တွေ့ဆုံတဲ့အချိန်မှာတော့ အရမ်းကိုပျော်တတ်နောက်တတ်တဲ့ သူတွေဆိုတာကို သူတို့ရဲ့အပြုမူတွေက ဖော်ပြနေပါတယ် ။

အခုလို အာရှတစ်ခွင်မှာသာမက ကမ္ဘာ့နာမည်ကြီးမင်းသားတွေနဲ့ တွေ့ဆုံပြီး ပျော်ရွှင်စွာ ဂိမ်းကစားခဲ့ရတဲ့ running man အဖွဲ့သားတွေရဲ့အောင်မြင်မှုကတော့ တကယ်ကို ကြောက်ခမ်းလိလိပါဘဲ နော် ။ အရမ်းကိုဖော်ရွေပြီး ပျော်ဖို့ကောင်းတဲ့ running man အဖွဲ့သားတွေနဲ့ တွေ့ဆုံပြီး ဂိမ်းကစားခဲ့တဲ့ Mission impossible အဖွဲ့သားတွေလည်း သူတို့နဲ့အတူ အပျော်တွေကူးစက်ပြီး ပျော်ရွှင်စွာဂိမ်းကစားခဲ့ရတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။