Aquaman(ရေလူသား) ဆိုတဲ့ ဇာတ်ကောင်တစ်ခုကတော့1963 ခုနှစ် American comic book တွေထဲက Superhero တစ်ဦးဖြစ်ပါတယ်။ သူရဲ့ ပါတနာကတော့ ပင်လယ်ပြင်ကြီးရဲ့ ဘုရင်မဖြစ်လာမဲ့ Atlantis ဘုရင်ကြီး ရဲ့ သမီးတော် Mera ဖြစ်ပြီး Superhero တွေထဲက အမိုက်စား ဇာတ်ကောင်မလေး တစ်ဦးဖြစ်ပါတယ်။

Aquaman ရဲ့ ပထမဆုံး Story တစ်ပုဒ် အဖြစ် ဒါရိုက်တာ James Wan က အသက်ပြန်သွင်းလိုက်တာ ဖြစ်ပြီး Atlantis ရဲ့ ဘုရင်ကြီး အဖြစ် ယှဉ်ပြိုင်ရမဲ့ ဒီ ရုပ်ရှင်ဇာတ်လမ်း အတွက်Budget ငွေပေါင်း $160 million ကို ဒီရုပ်ရှင်မှာ အသုံးပြုထားတာဖြစ်ပါတယ်။Aquaman လို့ မဖြစ်တည်ခင် ကလေးဘဝကနေ စတင်လို့ Atlantis သမုဒ္ဓရာ ရဲ့ ဘုရင်ကြီး ဖြစ်တဲ့ထိ အမိုက်စား Animation Effect နဲ့ 3D ရုပ်ကြွ တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Aquaman ရဲ့ ဇာတ်ကောင်မှာတော့ အသက်(၃၈) နှစ်ရှိပြီ ဖြစ်တဲ့ ဟောလီဝုဒ် မင်းသား Jason Momoa ကပါဝင်သရုပ်ဆောင်ထားပြီး သူရဲ့ အမိုက်စား အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာအချိုးအစားက ဒီဇာတ်ကောင်နဲ့ အလွန်လိုက်ဖက်နေတာ ဖြစ်ပါတယ်။ Aquaman ဇာတ်ကောင်ရဲ့ ကြင်ယာဖြစ်လာမဲ့ Mera နေရာမှာ တော့ မင်းသမီး Amber Heard ကသရုပ်ဆောင်ထားပါတယ်။ ဒီMera ဇာတ်ကောင်ကို ပီပြင်ဖို့ အနီရောင် ဆံပင်ကာလာကို သူမ အနေနဲ့ အမှန်တကယ် ဆံပင်အနီရောင် ပြောင်းလဲ ခဲ့ပါတယ်။ဒီ ရုပ်ရှင်ဇာတ်လမ်း ရဲ့ Trailer ကို ဇူလှိုင်လ(၂၁) ရက်နေ့မှာ ထုတ်လွှင်ခဲ့ပြီး 2018 ခုနှစ် ၊ ဒီဇင်ဘာ (၂၁) ရက်နေ့မှာ တရားဝင် ပြသမှာ ဖြစ်ပါတယ်။

source:you tube & wikipedia  ;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။