One Direction အဖွဲ့ဟာ လွန်ခဲ့တဲ့ 2010 ခုနှစ် X-factor သီချင်းဆို ပြိုင်ပွဲ ရဲ့ နောက် ဆုံး စကာတင် လူငယ် အဖွဲ့ကနေSimon Cowell'sရဲ့ record label တစ်ခုဖြစ်တဲ့ Syco Records ထုတ်လုပ်ရေးကနေ သီချင်းသီဆိုဖို့ လက်မှတ်ထိုးခဲ့ပါတယ်။ 2010 ခုနှစ် ၊ လန်ဒန်မှာ ဒီအဖွဲ့လေးကို Niall Horan, Liam Payne, Harry Styles, Louis Tomlinson နဲ့ Zayn Malik ဆိုတဲ့ ခပ်မိုက်မိုက် လူငယ် (၅) ဦးနဲက ဖွဲ့စည်းခဲ့ပြီး 2011 ခုနှစ်မှာ Up All Night (2011) ဆိုတဲ့ ပထမဆုံးသီချင်းAlbum ကို ထုတ်ဝေခဲ့ပါတယ်။

Up All Night (2011), Take Me Home (2012), Midnight Memories (2013), Four (2014) နဲ့ Made in the A.M. (2015) ဆိုတဲ့သီချင်းAlbum (၅) ချပ် ထုတ်ဝေခဲ့ပြီး သီချင်း တော်တော်များများ ဟာ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ "What Makes You Beautiful", "Live While We're Young", "Best Song Ever", "Story of My Life" နဲ့"Drag Me Down"ကဲ့သို့သော သီချင်းတွေဟာ Music Chartတွေရဲ့ ထိပ်ဆုံးမှာ နေရာယူခဲ့ဖူးသလို Brit Awards ဆု (၆) ဆု၊ MTV Video Music Awards ဆု (4) ဆု၊ MTV Europe Music Awards, ဆု(11) ဆု နဲ့ American Music Awards ဆု(7) ဆုရရှိခဲ့ပါတယ်။

2015ခုနှစ်မှာ One Direction အဖွဲ့ ကနေ Zayn Malik ထွက်ခွာခဲ့ပြီးနောက် ကျန်ရှိတဲ့ Niall Horan, Liam Payne, Harry Styles နဲ့ Louis Tomlinson တိုက လေးယောက် နဲ့ ခရီးဆက်ခဲ့ပေမဲ့လည်း 2016 ခုနှစ်မှာ ဒီ One Direction အဖွဲ့လေးကို ဖျက်သိမ်းလိုက်ပါတယ်။ ဇူလှိုင်လ(၂၈) ၇က်နေ့ဟာ ဒီ One Direction အဖွဲ့လေးကို စတင်ဖွဲ့စည်းခဲ့တဲ့ အမှတ်တရ နေ့ တစ်ခုဖြစ်ပြီး သူတို့ရဲ့ ဂီတ လမ်းကို စတင်ခဲ့တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ တစ်ချိန်က ဒီအဖွဲ့ဝင် တွေဖြစ်တဲ့ Niall Horanနဲ့ Harry Styles တို့ကတော့ သူတို့ အဖွဲ့လေးသာ ဒီအချိန်ထိ တည်ရှိနေမယ် ဆိုရင် (၈) နှစ်တာ ဂီတ မှတ်တမ်းကာလ လေးကို ရောက်ရှိနေမှာ ဖြစ်သလို ဒီနေ့လို One Direction အဖွဲ့ရဲ့ (၈) နှစ်ပြည့် အမှတ်တရ လေးကို Niall Horan နဲ့ Harry Styles တို့ သူတို့ရဲ့ ကိုယ်ပိုင် Twiiter အကောင့်ကနေ ကျေးဇူးတင်စရာ ဆိုလိုက်ပါတယ်။  

source:http://www.justjaredjr.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။