ရေဝတီအဖြစ်ပရိသတ်တွေရဲ့ ရင်ထဲရောက်လာတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ..။

မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ “ပဉ္စလက်ရွာ” ဇာတ်ကားမှာ ရေဝတီအဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်..။

ဒီနေ့မှာတော့ သူမဟာ သတို့သမီးဝတ်စုံလေးနဲ့ တကယ်ကို မဂ်လာပွဲကျင်းပတော့မယ့် သတို့သမီးလေးလိုလှပနေတာဘဲ ဖြစ်ပါတယ် ။ " ကျမသည်သာကျမ၏ အဖြူရောင် သတို့သမီး " ဆိုတဲ့ စာသားနဲ့အတူ သူမရဲ့ သတို့သမီးအလှပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ အမြဲတမ်း ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ မြင်တွေ့ရတဲ့သူမကို အခုတစ်ခါမှာတော့ နန်းဆန်လွန်းတဲ့ မဂ်လာသတို့သမီးဝတ်စုံလေးနဲ့ အထူးတဆန်းမြင်တွေ့ရတာ ကြွေချင်စရာကောင်းလွန်းနေပါတယ် ။

အနုပညာလောကမှာပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သလို Miss Myanmar World 2015 Second Runner Up ဆုရရှိထားတဲ့ အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကိုအမြဲပြန်လည် မျှဝေလေ့ရှိ တာလည်း တွေ့ရပါတယ်..။

Source : Nan Sandar Hla Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။