ကမ္ဘာကျော် ပေါ့ခ် အဆိုတော် တွေ ဖြစ်ကြတဲ့ Selena Gomezနဲ့ Taylor Swift ဟာ လက်ရှိမှာ ဂီတလောကရဲ့ မရှိမဖြစ် ဘုရင်မတွေလို ဆိုရမှာပါ။ နှစ်ဦးစလုံးဟာ အောင်မြင် တဲ့ အဆိုတော် တွေ ဖြစ်ကြသလို (၁၃) နှစ်တိုင်တိုင် အခင်မင် မပျက် ရှိနေဆဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုကတော့ လွန်ခဲ့တဲ့ 2005 ခုနှစေ်လာက်က စတင်ခဲ့သလို ဒီနှစ် 2018 ခုနှစ်မှတော (၁၃) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ 2008 ခုနှစေ်လာက်ကတည်း က Jonas brothers ဆိုတဲ့ ညီအစ်ကို နှစ်ယောက် ဖြစ်တဲ့ အကိုဖြစ်သူ Nick Jonas နဲ့ Selena နဲ့ ဒိတ်လုပ်နေစဉ် Taylor ကတော့ ညီဖြစ်သူ Joe နဲ့ စသဖြင့် အစ်ကို နှစ်ယောက်ကို သူငယ်ချင်းနှစ်ယောက်က date လုပ်ခဲ့ကြပါသေးတယ်။ Jonas brothers တို့ ရဲ့ relationships တွေ ပျက်ခဲ့ပေမဲ့လည်း Selena Gomezနဲ့ Taylor Swift တို့ရဲ့ ခင်မင်မှုကတော့ ယနေ့တိုင် မပျက်သေးဘူးလို့ ဆိုရမှာပါ။

2016ခုနှစ် မတ်လ လောက်မှာ Selena ဘက်ကTaylor နဲ့ ခင်မင်မှု ကို " သူမနဲ့ သိတာ (၁၀) နှစ်ရှိပြီပေါ့နော်။ က ကျမရဲ့ အကောင်းဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ပါ။ ကျမဘေးမှာ ပိန်ပိန်လေးလေးနဲ့ အမြဲ လိုက်လာလေ့ရှိတယ် " လို့ ခပ်နောက်နောက် ဆိုခဲ့ဖူးပါတယ်။သူငယ်ချင်း တွေ အဖြစ် နှစ်ဦးသား ခင်မင်မှုတွေကို အင်တာဗျူးမှာ တစ်ခါမက ဖွင့်ဆိုခဲ့ဖူးသလို လွန်ခဲ့တဲ့ ဇူလှိုင်(၂၂) ရက်နေ့မှာ ကျရောက်တဲ့ Selena မွေးနေ့ကို မအားတဲ့ ကြားက Birthday Wish လုပ်ပေးခဲ့ပါသေးတယ်။

source: www.eonline.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။