ထိုင်းမင်းသမီးလေး Kaew Korravee ကတော့ မြန်မာနိုင်ငံအတွင်းက ပရိသတ်တွေနဲ့ မစိမ်းလှတဲ့ အနုပညာရှင်လေးတစ်ဦးပဲဖြစ်မယ်လို့ထင်ပါတယ်။

သူမကတော့ ဥပါယ်တံမျဉ် ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး အခုအချိန်မှာဆိုရင် အားပေးသူပရိသတ်တွေများစွာကို ပိုင်ဆိုင်ထားနိုင်သူလေးတစ်ဦးပဲဖြစ်ပါတယ်။ 

လတ်တလောမှာဆိုရင်လည်း Kaew Korravee ဟာ အနုပညာအသစ်အသစ်တွေများစွာ ဖန်တီးပုံဖော်ရန်အတွက် မြန်မာနိုင်ငံကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း Kaew Korravee ဟာမြန်မာနိုင်ငံကိုရောက်တုန်းရောက်ခိုက် မြန်မာမလေးတွေကြိုက်နှစ်သက်ကြတဲ့ အစားအစာတစ်ခုကိုသွားရောက်စားသုံးခဲ့တာတွေ့ရပါတယ်။ ထိုအစားအစာလေးကတော့ Kaew Korravee

မိန်းကလေးပီပီ ဝက်သားဒုတ်ထိုး ဆိုင်ကို သွားရောက်စားသုံးခဲ့တာပဲဖြစ်ပါတယ်။

Kaew Korravee အနေနဲ့ဆိုရင်လည်း ဝက်သားဒုတ်ထိုး ကို ဘယ်လောက်ကြိုက်နှစ်သက်လဲဆိုတာကတော့ ပြောပြစရာမလိုလောက်အောင်ကို သူမရဲ့ ပုံရိပ်လေးထဲမှာပေါ်လွင်လို့နေပါတယ်။

ဒါ့အပြင် သူမကြိုက်နှစ်သက်တဲ့ အစားအသောက်လေးရှေ့ရောက်တဲ့အခါ အလိုလိုထွက်ပေါ်လာတဲ့ သူမရဲ့အမူအရာလေးက ချစ်စရာကောင်းလှပါတယ်။

မိမိကြိုက်နှစ်သက်တဲ့ အစားအသောက်လေးတွေရှေ့ရောက်ရင်

ပရိသတ်တွေရော Kaew Korravee လိုမျိုး ချစ်စရာကောင်းတဲ့အမူအရာလေးတွေထွက်လာတတ်ကြလားဆိုတာ ပြောပြခဲ့ကြဦးနော် ။ 

source  - Kaew Korravee 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။