ပရိသတ်ကြီးရေ အနုပညာလောကမှာ ထိပ်တန်းနေရာကနေ အောင်မြင်နေကြတဲ့ မင်းသားဇေရဲထက်နဲ့ မင်းသမီးလေး ရွှေမှုန်ရတီ တို့ကို အားလုံးကချစ်ပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ သူတို့၂ယောက်ဟာ တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြပြီး အချိန်အတော် ခင်မင်နေကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့၂ယောာက်က ပွင့်ပွင့်လင်းလင်းနဲ့ မောင်နှမအရင်းတွေလို ရင်းနှီးတိုင်ပင်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

အခုလည်း ရွှေမှုန်က သူငယ်ချင်းဇေရဲထက်အတွက် "သဲကိုလေ သရုပ်ဆောင်စလုပ်ထဲကနေ အခုချိန်ထိ ရင်ထဲကနေ မြတ်မြတ်နိုးနိုးနဲ့ ကိုယ့်သွေးသားလို ခင်မင်ချစ်ခင်ပေးတဲ့ သူငယ်ချင်း အတွက် ရင်ထဲကစကားများ ...ဘာတွေဖြစ်ဖြစ် သဲဘက်နေရပ်တည်ခဲ့တဲ့သူ သဲဆိုးသမျှ အနိုင်ကျင့်သမျှ တစ်ချက်မငြိုငြင်ခဲ့သူ ယနေ့ချိန်ထိ သဲသူ့အပေါ် လွန်ခဲ့တာတွေကိုတောင် မေ့ပစ်ပြီးခွင့်လွှတ်နေသူ ကျေးဇူးတင်ပါတယ် ငါပြောင်းလဲပေမဲ့ နင်မပြောင်းလဲလို့ အသက်ကြီးလာလို့လားမသိဘူး..နင်မေတ္တာတွေငါနားလည်လာပြီ ..ငါကိုနားလည်ပေးခဲ့တာတွေ ကျေးဇူးတင်ပါတယ် ငါလဲနင်နဲ့ထပ်တူချစ်ပါတယ် You are the best friend for me .Sorry for everything .And thx you for loving me This letter for Zay Yelhtet " ဆိုပြီး ရင်တွင်းစကားလေး တစ်ချို့ကို ဇေရဲထက်သိစေဖို့ facebookမှာ ပြောကြားထားခဲ့ပါတယ်။

သဲရဲ့ရင်ဖွင့်စကားတွေကို ဇေရဲထက်ကလည်း "နင့်ရဲ့ဖြူစင်တဲ့မေတ္တာတွေကြောင့် နင့်ကိုပြည်သူတွေချစ်နေကြတာပါ..နင်ဘာလုပ်လုပ်ချစ်ကြပါတယ် နင့်ရဲ့ကံကိုက မိဘလုပ်ကျွေးလို့ ဒီထက်မကကောင်းဦးမှာပါ..ငါအမြဲပြောဘူးသလိုပေါ့ နင်ဘယ်တော့မှ စိတ်မဆင်းရဲဘူး စိတ်ဆင်းရဲလည်းခဏပါ..နင်ကမိသားစုပေါ် အရမ်းကောင်းပြီးမိဘကိုလုပ်ကျွေးလို့ပါ ငါ့ကိုအခုလိုနင့်စိတ်ထဲမှာရှိပေးတဲ့အတွက်ကျေးဇူးပါ ငါနဲ့ပတ်သတ်တဲ့လူမှန်သမျှ ငါစိတ်ချမ်းသာစေချင်တယ် ပျော်စေချင်တယ်...နင်ပျော်နေတာပဲငါအမြဲမြင်ချင်တယ် ဒါငါ့ရဲ့ရင်ထဲကလာတဲ့စေတနာပါ "ဆိုပြီး ပြန်ပြောထားတာ တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးလည်း ကြည်နူးစရာကောင်းလောက်အောင် အရမ်းချစ်ကြတဲ့ ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့ သူငယ်ချင်း၂ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ရှုစားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Ko Zay Ye Htet & Shwe Mhone Ya Ti ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။