ချစ်ပရိတ်သတ်ကြီးရေ ချစ်စရာဟန်ပန်လေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အာရုံကိုအမြဲဖမ်းစား ညို့ယူခဲ့တဲ့သရုပ်ဆောင်မင်းသမီးချောလေး ယုသန္တာတင်ကိုတော့ ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူကတော့ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်လာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယို ဇာတ်ကားများ ရုပ်ရှင်ဇာတ်ကားများ ရိုက်ရသည်ထိ အောင်မြင်မှုရရှိကာ ပရိသတ်အားပေးမှုတွေ များစွာရရှိလာသူ တစ်ယောက်လည်းဖြစ်ပါတယ်။သူမဟာ အမြဲတမ်းချစ်စရာဟန်ပန်လေးနဲ့ စမတ်ကျကျ လှနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမဟာ မကြာသေးမှီက ခရီးတွေထွက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။လတ်တလောမှာတော့ သူမဟာ Ma Pont Ready To Wear လေးဝတ်ဆင်ကာ ပွဲတစ်ခုကိုတက်ရောက်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ဝတ်စုံလေးနဲ့အလွန်လိုက်ဖက်ကာ နတ်မိမယ်လေးလား ထင်မှားရလောက်အောင်ကို လှလွန်းနေတဲ့ ပုံရိပ်လေးတွေက ပရိတ်သတ်တွေကို အချစ်ပိုစေမှာအမှန်ပဲဖြစ်ပါတယ်။အသားရည်လေးနဲ့ ဖန်တီးထားတဲ့ ဝတ်စုံအရောင်လေးကလည်း အလွန်လိုက်ဖက်ကာ ပြည့်စုံတဲ့အလှပိုင်ရှင်လေးဖြစ်နေပါတယ်။ 

ဒီနေ့မှာတော့ သူမရဲ့ လှပတဲ့ ဝတ်စုံလေးနဲ့ ကျော့ရှင်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရူ့နိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အနုပညာအလုပ်တွေ နည်းပါးနေပေမဲ့လည်း သူမရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြပေးလျက်ရှိပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ယုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်။

Source:Yu Nandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။