ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ MRTV -4 ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်တွေကြား နာမည်ကြီးအောင်မြင်လာသူလေး ဖြစ်ပါတယ်။ သူမရဲ့ အေးချမ်းတဲ့မျက်နှာလေးနဲ့ ချိုမြတဲ့အပြုံးလေးတွေက ပရိသတ်ရင်ကို စတင်ထိမှန်စေခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် မေက ခေါင်းဆောင်မင်းသမီးအဖြစ် ဗီဒီယိုဇာတ်ကားတွေပါမက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေရတဲ့အထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။

သူမအနေနဲ့ ဇာတ်လမ်းတွဲများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေး နှစ်ခြိုက်မှုများစွာ ရရှိခဲ့ပါတယ်။ လတ်တလောမှာ မေက "အချစ်ဆုံး Crush " ရုပ်ရှင်ကားကြီးကို မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ အိချောပိုတို့နဲ့အတူ ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ မေက အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် အမြဲချပြလေ့ရှိပြီး အခုလည်း ပိုးထည်တိုက်တစ်ခုအတွက် ကြော်ငြာရိုက်ကူးခဲ့တဲ့ သူမရဲ့အလှပုံလေးတွေကို facebook မှာ တင်ထားတာ တွေ့ရပါတယ် ။

ရွှေဝါရောင်အသားအရေရှိပြီး မိုးကျရွှေကိုယ်လေးလိုလှပတဲ့ မေက အနီရောင်နဲ့ အဝါရောင်ပေါင်းစပ်ထားတဲ့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ လှနေတာ တွေ့ရပါတယ်။ တော်ဝင်မင်းသမီးလေးတစ်ပါးလို တောက်ပလှပနေတဲ့ သူမရဲ့အလှက မြင်သူတိုင်းရင်ကို လှုပ်ခတ်စေမှာ အမှန်ပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း မဟာဆန်တဲ့အလှပိုင်ရှင်လေး မေမြင့်မိုရ်ရဲ့ အလှပုံရိပ်လေးတွေကို ရှုစားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: May Myint Mo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။