ချစ်စဖွယ်အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ချစ်တဲ့သူဆီကလက်ဆောင်ပန်းစီးလေး ရလိုက်တဲ့အတွက် အရမ်းကို ပျော်နေပါတယ်..။

ရည်စားသာထားဖူးပေမယ့် တစ်ခါမှပန်းစည်းကြီးကြီး မရခဲ့ဖူးတဲ့သူမကတော့ သြဂုတ်လ(၁)ရက်နေ့ မနက်ဖြန်မှာ ကျရောက်လာမယ့် International Girlfriend Day အတွက် အကြိုလက်ဆောင်အဖြစ် သူမအရမ်းလိုချင်နေပြီး ချစ်ချင်းမေတ္တာတွေအပြည့်နဲ့ လက်ဆောင်ပန်းစီးကြီးကို ရရှိခဲ့ပြီ ဖြစ်ပါတယ်..။

လက်ဆောင်ပန်းစီးလေးရရှိခဲ့တဲ့အတွက် အရမ်းကိုပျော်နေတဲ့အကြောင်းလေးတွေကိုလည်း နန်းနန်းက ဖေ့စ်ဘွတ်စာမျက်နှာကနေ ဓာတ်ပုံလေးတွေနဲ့အတူ သူမရဲ့အပျော်လေးတွေကို ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။

အနီရောင်ပန်းစီကြီးလက်ဆောင်ရလိုက်တဲ့အတွက် အရမ်းပျော်ပြီး နေမကောင်းတာတောင်ပျောက်သွားတယ်ဆိုပြီးတော့လည်း မင်းသမီးချောလေးက ချစ်စဖွယ်ရေးသားပြောပြထားပါသေးတယ်..။

“Red big boutique make my heart melt

ရည်းစာသာထားဖူးတာ တစ်ခါမှ ပန်းစည်း အကြီးကြီး မရဖူးဘူး ချစ်မက #International Girlfriend Day ( 1. 8. 2018 ) အတွက် တဲ့ နန်းနန်းတို့ပျော်ပြီလေ တစ်ကယ်ပြောရရင် Chit Thway Ni သူ Facebook ပေါ်မှာ တင်တင်နေတာတွေ တွေ့ကတည်းက ကြိတ်ကြိတ်ပြီးလိုချင်နေမိတာ... ဟီး .. အခုနေမကောင်းတောင် ပျောက်သွားပြီ... မှာချင်ရင် အဲ့မမဆီကမှာလို့ရတယ်နော် ... ကောင်မလေးချင်းချင်းလည်း မနက်ဖြန်ဆိုပေးလို့ရတယ်လို့

Thanksoso _ floral by lbr

I love it so much..” ဆိုပြီး ကျေးဇူးတင်စကားလေးနဲ့အတူ သူမရဲ့အပျော်လေးတွေကိုပရိသတ်တွေကို မျှဝေလိုက်တာပါ..။

ဒီကနေ့လေးမှာတော့ “ပဉ္စလက်ရွာ”ဇာတ်ကားထဲက “ရေဝတီ”လေးရဲ့ ပရိသတ်တွေအတွက်ရော “အရိပ်” ဇာတ်ကားထဲက “သက်သက်” လေးရဲ့ ပရိသတ်တွေအတွက်ရော အားလုံး အားလုံးသောသူမရဲ့ပရိသတ်တွေအတွက် လက်ဆောင်ပန်းစီးလေးနဲ့အတူ ပျော်နေတဲ့ နန်းနန်းလေးရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နန်းစန္ဒာလှထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။