ဖေဖော်ဝါရီ ၃ ရက်က Melia ဟိုတယ်တွင် ပြုလုပ်သည့် သဉ္ဇာနွယ်ဝင်း၏မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသည့် မိုးယုစံမှ 7days သတင်းဌာနသို့ ပြောကြားခဲ့သည်။

‘‘တစ်လကျော်ပဲ ရှိပါသေးတယ်။ ညီမက စောပြီး ကြိုသိသွားတာ။ မိခင်ဘဝကိုရောက်တော့မယ်ဆိုတော့ စိတ်လှုပ်ရှားပါတယ်။ အခုမှ အိမ်ထောင်ကျတာကလည်း သိပ်မကြာသေးဘူး။ သုံးလကျော်ပဲရှိသေးတယ်ဆိုတော့ သိပ်အသားမကျသေးဘူး။ ဝမ်းသာလို့ ဆုတောင်းပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ် " လို့ မိုးယုစံကနေ ပြောကြားခဲ့ပါတယ်။

သရုပ်ဆောင် မိုးယုစံ၏ မင်္ဂလာဧည့်ခံပွဲများကို ၂၀၁၆ အောက်တိုဘာ ၁၈ ရက်က ဆီဒိုးနားဟိုတယ်၌ မင်္ဂလာမော်ကွန်း တင် လက်မှတ်ရေးထိုးပွဲ၊ အောက်တိုဘာ ၂၀ ရက်တွင် မဟာစည်သာသနာ့ရိပ်သာ၌ မင်္ဂလာဦးဆွမ်းကျွေးပွဲ၊ အောက်တိုဘာ ၂၉ ရက်တွင်Melia ဟိုတယ်၌ စုလျား ရစ်ပတ်လက်ထပ်မင်္ဂလာပွဲနှင့် အောက်တိုဘာ ၃၁ ရက်က မင်္ဂလာ ညစာစားပွဲအခမ်းအနားကို နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

Source : 7days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။