ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီ မခိုင်လေးကတော့ အနုပညာလောကမှာ နာမည်ကောင်းသတင်းနဲ့ ယနေ့တိုင် အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူမက သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးချောလေးကိုလည်း ပွဲထုတ်လာပြီ ဖြစ်ပါတယ်။သမီးလေးဖြစ်တဲ့ "စံထိပ်ထား" လေးက နာမည်လေးက လှသလို ရုပ်လေးကလေး ချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ်။

သူမတို့ သားအမိနှစ်ယောက်က မပုံ့ရဲ့ ဖက်ရှင်ရှိုးပွဲကို ဆင်တူဝတ်စုံလေးတွေနဲ့ အတူတူ တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲလေးကို ဇူလိုင်၂၉ရက်နေ့က Sule Shangri-La Hotel မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အနုပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ညီအစ်မတွေလို့ ထင်ရလောက်အောင် မခိုင်လေးကလည်း သမီးလေးနဲ့အပြိုင် အရွယ်တင် နုပျိုလှပနေသလို အမေ့ခြေရာကိုနင်းမယ့် စံထိပ်ထားလေးကလည်း နုဖတ်ပြီး ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။

သူမတို့ ၂ယောက်ရဲ့ ဝတ်စုံလေးတွေကတော့ ဒီဇိုင်နာ မပုံ့ကိုယ်တိုင် ချုပ်လုပ်ပေးထားတဲ့ Ready to wear Outfits လေးတွေပဲ ဖြစ်ပါတယ်။ ခေတ်မှီဆန်းသစ်တဲ့ ဝတ်စုံလေးနဲ့ အရွယ်တစ်မျိုးစီ အလှဖြာနေကြတဲ့ မခိုင်လေးတို့ သားအမိပုံလေးတွေက ကြည်နူးဖို့ကောင်းနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း သားအမိတွေဖြစ်ကြတဲ့ မခိုင်လေးနဲ့ စံထိပ်ထားလေးတို့ရဲ့ အလှချင်းပြိုင်နေကြတဲ့ပုံလေးတွေကို ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: Khine Thim Kyi & Ma Pont; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။