တစ်ချိန်က ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ချစ်စဖွယ် ညီအမနှစ်ယောက်ဖြစ်တဲ့ ကြိုးကြာနဲ့စင်ဒီကို ပရိသတ်ကြီး မှတ်မိဦးမယ်ထင်ပါတယ် ။

အမြွှာတွေလားလို့ ထင်ရလောက်အောင် ရုပ်တူပြီး အသက်ရွယ်မတိမ်းမယိမ်းမို့ သူတို့ရဲ့ သီချင်းလေးတွေက မိန်းကလေးတွေအရမ်းကြိုက် အရမ်းခေတ်စားခဲ့ပါသေးတယ်။

ဂီတနဲ့ပတ်သက်ပြီး ကင်းကွာနေပေမယ့် ပရိသတ်တွေ ချစ်နေဆဲဖြစ်တဲ့ အဆိုတော် စင်ဒီကတော့ မလေးရှား နိုင်ငံ၊ Cameron Highlands ရှိ Lavender Garden ကိုအလည်အပတ်ရောက်ရှိနေတာဘဲ ဖြစ်ပါတယ် ။ ကလေး နှစ်ယောက် အမေဆိုပေမယ့် ခုချိန်ထိ နုပျိုပြီးချစ်စဖွယ်ကောင်းနေတဲ့ ဆယ်ကျော်သက်လေးလို့ထင်မှတ်ရလောက်အောင် နုပျိုလှပနေဆဲပါဘဲနော် ။ သူမဟာ ခုချိန်ထိ လူငယ်ဆန်ပြီး လန်းဆန်းတက်ကြွစေတဲ့ ဖက်ရှင်လေးတွေနဲ့ အရမ်းကို လိုက်ဖက်နေပါတယ် ။

တစ်ခေတ်တစ်ခါက 90kids တွေအသည်းစွဲဖြစ်ခဲ့တဲ့ အဆိုတော်မလေး စင်ဒီကတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးသွားပေမယ့်လည်း သူမရဲ့သီချင်းတွေက ပရိသတ်ရင်ထဲမှာ နေရာယူနေဆဲပါဘဲနော် ။ အနုပညာအလုပ်တွေအတွက် အချိန်မပေးဖြစ်သေးတဲ့ စင်ဒီ ကို မေ့နေပြီလား ပရိသတ်ကြီးရေ။

Source : Cindy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။