မန္တလေးဈေးချိုတော် မှာရိုက်ကူးခဲ့တဲ့ သီချင်းရိုက်ကွင်း တစ်ခုက ပုံတွေ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရောက်ရှိလာပြီးနောက်ပိုင်းမှာ ဒီရိုက်ကွင်းနဲ့ ပတ်သက်ပြီး LGBT အသိုင်းအဝိုင်း နဲ့ မိန်းမလျာ အသိုင်းအဝိုင်းက လူတွေက ပေါက်ကွဲခဲ့ကြပါတယ်။ အမျိုးသားတွေကို အမျိုးသမီးအဖြစ် ဝတ်ဆင်စေပြီး မန္တလေးဈေးချိုတော်ရှေ့မှာ သရုပ်ဖော်ရိုက်ကူးခဲ့တဲ့ အတွက် မိန်းမလျာအသိုင်းအဝိုင်း ကပေါက်ကွဲသံတွေဆူညံခဲ့တာ ပါ ။ MTV ထွက်လာတဲ့ အချိန်မှာတော့ တချို့သောပြကွက်တွေကြောင့် ထပ်မံဂယက်ရိုက်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာမိန်းကလေးများ ယဉ်ကျေးမှုကိုဆန့်ကျင်ပြီး အဝတ်အစားကိုမလော်လီသင့်ကြောင်း ။ထိန်းသိမ်းသင့်ကြောင်း အကျိုးပြုသီချင်းသာဖြစ်ပါ သည် ။ဒါရိုက်တာ၏အစီအစဉ်အရ သရုပ်ဆောင်ခြင်းသာဖြစ်ပါသည် ။စာရေးသူ မှ ရိုက်ကွင်းကိုလိုက်၍ပြောပိုင်ခွင့်မရှိပါ။သရုပ်ပြရသည်မှာလည်း မည်သူကိုမျှမထိခိုက်အောင် စီစဉ်ထားပါကြောင်း ပြောဆိုခဲ့ပေမယ့် တကယ့် MTV ထွက်ပေါ်လာချိန်မှာတော့ အမျိုးသမီးတွေအစား လူရွှင်တော် တွေကို ထည့်သွင်း ရိုက်ကူးထားတာ ဖြစ်ပြီး အဝတ်တွေချွတ်တဲ့ပြကွက်တွေ ၊ အမြင်မတော်တဲ့ အပြောအဆိုတွေ အမူအရာတွေကြောင့် မူရင်းရသပျောက်ပြီး မိန်းမလျာတွေလို့ဘဲ အထင်မှားသွားစေအောင်ရည်ရွယ်ထားသလိုဖြစ်နေတယ်လို့သုံးသပ်ကြသူတွေရှိနေပါတယ်။

တကယ်တမ်းကတော့ မူရင်း ကဗျာမှာ အမျိုးသမီးအချို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အဓိကပြောဆိုထားတာ ဖြစ်ပေမယ့် MTV မှာတော့ အမျိုးသမီးတွေ သရုပ်ဆောင်ရမယ့်နေရာမှာ အမျိုးသားလူရွှင်တော်တွေကို ဟာသနှောပြီး ရိုက်ကူးထားတာကလည်း ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ မူရင်း စာရေးဆရာ မြန်မာစာဦးဆန်းလွင် ကတော့ သီချင်းဟာ မည်သူတစ်ဦးတစ်ယောက်ကို မှ ထိခိုက်စေမှာမဟုတ်ကြောင်း ရှင်းလင်းထားခဲ့ပေမယ့် MTV ထွက်လာတဲ့အခါမှာ MTV ထဲက ပြကွက်တွေကြောင့် LGBT တွေထပ်မံပေါက်ကွဲနေကြတာတွေလည်းရှိပါတယ် ။ ပရိသတ်ကြီးရေ MTV လေးကို ကြည့်ရင်း တခြားလူတွေပေါက်ကွဲနေကြတဲ့အပေါ် မိမိတို့ရဲ့ အမြင်အတွေးလေးတွေကို မျှဝေခဲ့ကြပါနော်။

Source - ပေါ်ပေါ့်ပေါ် ဘိသက

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။