ချစ်ပရိတ်သတ်ကြီးရေ ရုပ်ရှင်မင်းသမီးကြီး ခိုင်သင်းကြည်ရဲ့ မျိုးဆက်သစ်လေးဖြစ်ပြီး ချစ်စရာအလွန်ကောင်းတဲ့ သမီးချောလေးစံထိပ်ထားကို ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။သူမဟာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေတာဖြစ်ပြီး မခိုင်လေးရဲ့ တွဲခေါ်မှုကြောင့် အနုပညာလောကထဲကို ဝင်ရောက်လာကာ ကြော်ငြာများရိုက်ရင်း ပရိတ်သတ်အသိမှတ်ပြု ချစ်ခင်အားပေးလာတာတွေ့ရပါတယ်။မခိုင်လေးနဲ့အတူ ပွဲများစွာကို အတူတက်ရောက်ခဲ့တာလည်းတွေ့ရပါတယ်။

သူမဟာ ရူတင်တွေ ရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။အမြဲဖက်ရှင်အလန်းတွေနဲ့ ချစ်စရာကောင်းပြီး လှပနေတဲ့သူမကတော့ လတ်တလောမှာလည်း Ma Pont ရဲ့ Ready To Wear လေး ဝတ်ဆင်ကာ ပွဲတစ်ခုကို မခိုင်လေးနဲ့အတူတက်ရာက်ခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ ပွဲတက်ပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင်ဖော်ပြထားတာလည်းတွေ့ရပါတယ်။ဝတ်စုံလေးနဲ့ အလွန်လိုက်ဖက်နေပြီး ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေက ပရိတ်သတ်တွေအချစ်ပိုစေမှာအမှန်ပဲဖြစ်ပါတယ်။ 

မပုံ့ရဲ့ ဝတ်စုံလေးနဲ့ အရမ်းလိုက်ဖက်ကာ ချစ်စရာကောင်းနေတဲ့ စံထိပ်ထားလေးရဲ့ ပုံရိပ်လေးတွေက ကြည့်မဝနိုင်အောင်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း စံထိပ်ထားလေးရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။သူမရဲ့ရှေ့ဆက်မဲ့အနုပညာလုပ်ငန်းတွေလည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:San Htate Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။