ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ မင်းသမီးတွေက သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ကြသလို အလှအပပိုင်းမှာလည်း နတ်သမီးတွေ ရှုံးလောက်အောင် တစ်ယောက်တစ်မျိုးစီ လှကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ဝါရင့်မင်းသမီးတွေမှစ၍ တက်သစ်စမင်းသမီးလေးတွေအထိ အလှတွေက ဘယ်ပန်းချီရေးမမှီအောင် လှကြတဲ့သူတွေချည်း ဖြစ်ကြပါတယ်။ အခုလည်း ပရိသတ်ကြီးက အရွယ်တစ်မျိုး ၊ အလှတစ်မျိုးနဲ့ ကိုယ်စီလှနေကြတဲ့ မင်းသမီးလေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးဖြစ်ပြီး အရွယ်တင်လှပနေဆဲဖြစ်တဲ့ စိုးမြတ်သူဇာနဲ့သန္တာလှိုင် ၊ အိမ်ထောင်ရှင်မတစ်ဦး ဖြစ်နေပေမယ့်လည်း အလှမလျော့သေးတဲ့ အိန္ဒြာကျော်ဇင် အပါအဝင် ငယ်ရွယ်ပြီးလှပတဲ့ ယုသန္တာတင်၊မိုးစက်ဝိုင်နဲ့ နွယ်ဒါလီထွန်းတို့က ကြော်ငြာရိုက်ကွင်းတစ်ခုမှာ အတူဆုံတွေ့ခဲ့ကြပါတယ်။ မိန်းမလှလေးတွေဖြစ်ကြတဲ့ သူမတို့က အရွယ်သုံးပါး၊ အလှသုံးပါးလို့ဆိုရလောက်အောင် နတ်မိမယ်တွေအလား လှပနေကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေဖြစ်ကြတဲ့ သူမတို့က For New Star Gems & Jewellery ကြော်ငြာအတွက် ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ အရောင်အသွေး စုံလင်စွာနဲ့ ကိုယ်စီလှနေကြတဲ့ သူမတို့ရဲ့ဝတ်စုံတွေကိုတော့ Zayzay Mdy ကစီစဉ်ပေးထားပြီး မိတ်ကပ်ကတော့ Jessica Han က ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။ လက်ဝတ်ရတနာတွေက New Star Gems & Jewellery မှ ဖြစ်ပြီး သူမတို့ရဲ့အလှပုံရိပ်လေးတွေကိုတော့ Fred Photography က အလှဆုံးရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မြန်မာမင်းသမီး အလှမိမယ်လေးတွေရဲ့ပုံရိပ်တွေကို ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source : Kyaw Thu Han

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။