လက်ရှိပရိသတ်တွေကြားမှာ ရေပန်းစားလွန်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Co2 (Carbon Dioxide) ဇာတ်ကားကို Copy ကား ဆိုပြီး လူပြောများတဲ့အပေါ် ဒါရိုက်တာ ဝိုင်းက အင်တာဗျူးတစ်ခုမှာ သေချာရှင်းရှင်းလင်းလင်းပြောပြထားပြီးပြီဖြစ်ပါတယ်။ ဒီလို ပြောပြချက်ကို မသိရှိသေးတဲ့ ပရိသတ်တွေကတော့ ကော်ပီကားဆိုပြီး ပြောဆိုဝေဖန်မှု တွေ ဆက်လက်ထွက်ပေါ်နေဆဲပါပဲ။

မနေ့က 30.7.2018 မှာ ဒီဇာတ်ကားကို သွင်ရုပ်ရုံမှာ ကြည့်ရှုသူအမျိုးသမီးက Video ခိုးရိုက်နေတာတွေ့လို့ တားမြစ်ခဲ့ပေမယ့်လည်း ဂရုမစိုက်ပဲ နောက်ထပ် တစ်နာရီကျော်ကြာ ဆက်လက်ရိုက်ကူးနေတာကြောင့် ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့တယ် ဆိုပြီး Co2 Facebook Page က တင်ထားတာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဖွေးဖွေးက သူမရဲ့ Facebook မှာ ပြန် Share ခဲ့ပြီး ဒီလိုမလုပ်ဖို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်တွေ အများအပြားဝင်ရောက်ပေးနေတဲ့ကြားက ပရိသတ်တစ်ဦးက Co2 ဇာတ် ကားနဲ့ ပုံစံတူဇာတ်ကား 1 ကားကို Poster 2 ခုယှဉ်ပြီး ဒါကရောလို့မေးမြန်းရာမှာ ဖွေးဖွေးက ဒါရိုက်တာဝိုင်းရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပုံကို ပြန်လည်ပြသခဲ့တာ ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နိုင်ငံခြားက မူရင်းဇာတ်လမ်းကို ဝယ်ယူပြီး တရားဝင်ရိုက်ကူး တာဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာမှုပြုလိုက်ပေမယ့်လည်း ကြောက်ဖို့ကောင်းတဲ့ ရသက တော့ပျောက်မသွားပဲ တကယ့်ကိုအကောင်းစားဇာတ်လမ်းတစ်ပုဒ်အဖြစ် တည်ရှိလို့နေပါ တယ်။

Source - Phway Phway / Co2

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။