လက်ရှိ ရေပန်းစားနာမည်ကြီးမင်းသမီးချောများစွာထဲမှာ ပရိသတ်အချစ်တော်များလည်း ရှိမယ်ထင်ပါတယ်။ လူတိုင်းက ကိုယ့်ရဲ့ အကြိုက်ဆုံးမင်းသမီးကိုယ်ဆီရှိကြပြီး အနုပညာရှင်လောကသားအားလုံးထဲမှာ ပိုမိုချစ်မြတ်နိုးရတဲ့ သူတွေကို ရွေးချယ်ထားကြတာတွေလည်း ရှိကြတာတွေ့ရပါတယ်။ အဆိုပါ ပရိသတ်အချစ်တော်မင်းသမီးချောလေးတွေကို နတ်မိမယ်လေးတွေအလား အလှတွေနဲ့ အတူတူတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။  

လက်ရှိ နိုင်ငံကျော်အနုပညာရှင်နတ်သမီးလေးများစွာရဲ့ အလှကို ပုံဖော်ပေးနေတဲ့ ဒီဇိုင်နာမပုံ့ရဲ့ ဒီဇိုင်းဖက်ရှင်တွေကတော့ ပရိသတ်တွေကို အကြိုက်တွေ့စေမယ်ထင်ပါတယ်။ အဆိုပါ မင်းသမီးချောလေးတွေထဲမှာ ပရိသတ်အချစ်တော်တွေဖြစ်တဲ့ ခိုင်သင်းကြည်၊ စံထိပ်ထားဦး၊ ယုသန္တာတင်၊ ခင်လေးနွယ်၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ၊ အိချောပို၊ မေကဗျာနှင့် မိုးပြည့်ပြည့်မောင်တို့ရဲ့ အလှတွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။  

မတူညီတဲ့ ဒီဇိုင်းကာလာလေးတွေနဲ့အတူ ပရိသတ်တွေကို မကြိုက်တွေ့စေခဲ့ပြီး လက်ရှိ မိန်းကလေးတွေကြား ရေပန်းစားဖက်ရှင်ဒီဇိုင်းလေးတွေအဖြစ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပရိသတ်အချစ်တော်လေးတွေရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Ma Pont

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။