နာမည်ကြီး မော်ဒယ်လ်၊ နဲ့ မင်းသမီး သရုပ်ဆောင် ဖြစ်တဲ့ပက်ထရစ်ရှာ ခေါ် စူးရှနိုင် ကတော့ မြန်မာနိုင်ငံရဲ့ ပြည်သူချစ် မိန်းမလှ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ရှာရှာ လို့ ချစ်စနိုးခေါ်ကြတဲ့ သူမဟာ ဆယ်ကျော်သက်အရွယ်ကထဲ့ မော်ဒယလ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး သူမရဲ့ ချစ်စရာကောင်းပြီး ငယ်ရွယ်နိုပျိုတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့ပါတယ်။

နိုင်ငံခြားသူမျက်နာပေါက်လေးနဲ့ သူမရဲ့ ဆွဲဆောင်မှု ရှိတဲ့ နုတ်ခမ်းလေးတွေနဲ့ လက်ရှိမှာ မိတ်ကပ် ၊ အလှကုန်၊ ကြော်ငြာမော်ဒယ်လ် တစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်လျှောက်လှမ်းတွေပေါ်က အလှနတ်ဘုရားမလေး တစ်ဦးလည်းဖြစ်ပါတယ်။ 1997 ခုနှစ် ဓီဇင်ဘာလ (၃) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ရှာရှာဟာဆိုရင် လက်ရှိမှာ အသက်(၂၀) သာရှိသေးတာဖြစ်ပါတယ်။

သူမဟာ ဆိုရင် မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံးမင်းသမီေးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ "မငိုပါနဲ့..။ ဆာကူရာ" ဆိုတဲ့ ဇာတ်လမ်းမှာ ရှာရှာတစ်ယောက် ဂျပန်မလေးတစ်ယောက် အဖြစ် မင်းသားအောင်ရဲလင်း နဲ့ အတူ ပထမဆုံးသရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ မကြာခင်က ရ့ုတင်ပြသခဲ့ပြီး ဖြစ်တဲ့ "Reflection " ရုပ်ရှင်ဇာတ်ကားကြီးတော့ ရှာရှာကို ပရိသတ်တွေ ကြွေပြီးရင်း ကြွေအောင် ခြွေစေခဲ့တာ ဖြစ်ပါတယ်။ အဘိုးဖြစ်သူက အမေရိကန်လူမျိုးဖြစ်သလို အမေရိကန်-မြန်မာ သွေးတစ်ဝက်နှောနေတဲ့ သွေးနှောမလေးမို့ သာမာန် မြန်မာမလေးတွေနဲ့ မတူတဲ့ ကပြားမလေးတစ်ယောက်ရဲ့ အလှတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

1984 ခုနှစ် စစ်ပြီး၊ လွတ်လပ်ရေးရပြီး ခေတ်ရဲ့ အင်္ဂလိပ် ၊ အနောက်တိုင်းဟန်တွေ လွှမ်းနေတဲ့ ဘိလပ်ပြန် မြန်မာအမျိုးသားတချို့ရဲ့ ဖက်ရှင်လ်ကို Aspiring ယူထားပြီး ဝတ်ဆင်ထားတဲ့ အမိုက်စား ရှာရှာရဲ့ ပုံရိပ်တစ်ချို့ ကို သူမရဲ့ ကိုယ်ပိုင် Instagram မှာ မျှဝေလိုက်ပြီး ယောကျာ်းလေးဆန်ဆန် ဟန်ပန်လေး နဲ့ အထာကျကျ မိုက်နေတာမို့ ပြန်လည်မျှဝေလိုက်ရပါတယ်နော်။

source:Patricia (Sue Sha Naing) ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။