တစ်ခေတ်တစ်ခါက တင်ဇာမော့်ရဲ့သီချင်းတွေအသည်းစွဲကြိုက်ခဲ့သူတွေအတွက် သတင်းကောင်း။ ခုနစ်ခွေမြောက် တစ်ကိုယ်တော်အခွေအဖြစ်Seven အခွေကို တင်ဇာမော်ရဲ့မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖြန့်ချိမယ်ဖြစ်ပြီး တစ်ကိုယ်တော်အခွေအနေဖြင့် နောက်ဆုံးထွက်ရှိထားသည့်တင်ဇာမော်ရဲ့ တင်ဇာမော်ထွက်ရှိပြီးချိန်နှင့် ၁၂နှစ်အကြာတွင် ဖြန့်ချိနိုင်ခဲ့ခြင်းဖြစ်ပြီး The Sun တေးထုတ်လုပ်ရေးမှာ ပရိသတ်တွေနဲ့တွေ့ဆုံမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

‘‘အခွေထွက်တဲ့နေ့မှာ အမှတ်တရဖြစ်အောင် အစ်မရဲ့မွေး နေ့လည်းဖြစ်တယ်ဆိုတော့ အေးအေးချမ်းချမ်းနဲ့ ပရိုမိုးရှင်းသဘောလိုပါပဲ။ ထွက်တဲ့နေ့မှာ The Sun မှာထိုင်နေမယ်။ အချိန်အားလို့ တွေ့ချင်တဲ့ ပရိသတ်တွေဝင်လာ ရင်လည်း တွေ့လို့ရမယ်။ လက်မှတ်ထိုးမယ်၊ ဓာတ်ပုံရိုက်မယ် လုပ်လို့ရတယ်။ ပရိုမိုးရှင်းလုပ်ရင် သုံးနာရီလောက်ပဲကြာမှာ။ အစ်မက အဲဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ရှိနေမှာ"လို့ တင်ဇာမော်က ပြောကြားခဲ့ပါတယ်။

‘‘အခွေတစ်ခွေထွက်တယ် ဆိုတာ အစ်မတို့ အဆိုတော်တွေ အတွက် မှတ်တိုင်ပဲလေ။ အဲဒီအ ခွေထဲမှာပါတဲ့ သီချင်းတွေကို ပရိ သတ်ကို Officially ပို့တာပဲ။ ပြန်ပြင်လို့လည်း မရဘူး။ တစ်သက်လုံးသေရာပါပဲ။ ကိုယ်ကြိုက်တဲ့သီချင်း၊ ကိုယ်ကြိုက်တဲ့ပုံစံ Music Styleက ပြန်ပြင်ဆင်ခွင့်မရှိဘူး။ အစ်မတို့အတွက်သမိုင်းဝင်ပဲ။ မှတ်တမ်းပဲ။ကောင်းခြင်း၊ မကောင်းခြင်း၊ ညံ့ခြင်း၊ တော်ခြင်း အကုန်လုံးက အများကြီး အရေးကြီးပါတယ်။ အဲဒါကြောင့် အစ်မအနေနဲ့လည်း အခွေတစ်ခွေကို စီစဉ်ဖြစ်ဖို့ ကိုယ့်ဘဝပေးအခြေအ နေကလည်း အရမ်းမလွယ်ကူခဲ့ဘူး။ ဒီထဲမှာပါတဲ့ သီချင်းတွေက ကိုယ်ကိုယ်တိုင်လည်း ကြိုက်တယ်။ စာသားအင်အားတွေအပေါ်မှာလည်း တချို့သီချင်းတွေ ဆို နားထောင်ရင် မျက်ရည်က အလိုလိုဝဲတယ်။ အဲဒီလိုပုံစံဆို တော့ အဲဒီအပေါ်မှာ ပရိသတ်က အစ်မနဲ့ တစ်ထပ်တည်းခံစားနိုင် ရင်တော့ အမြတ်ပေါ့’’လို့ ထပ်မံပြောကြားခဲ့ပါတယ်။ 

Source : 7days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။