ချစ်ပရိသတ်ကြီးရေ မော်ဒယ်မင်းသားလေး တိုင်ရွန်ကတော့ ကိုရီးယားဆန်တဲ့ ရုပ်ရည်ကြောင့် ဆယ်ကျော်သက်မလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ယောက်ျားပီသတဲ့ Body အချိုးအစားတွေနဲ့ အမိုက်စားတက်တူးတွေကလည်း သူရဲ့ဆွဲဆောင်မှုရှိတဲ့အချက်တွေ ဖြစ်ပါတယ်။လတ်တလောမှာသူက ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရသလို သီချင်းဗီဒီယိုနဲ့ ကြော်ငြာတွေမှာလည်း ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။

ပရိသတ်တွေကို အမြဲရင်ခုန်လုပ်တတ်တဲ့ တိုင်ရွန်က အခုလည်း သရုပ်ဆောင်မေကဗျာဦးနဲ့ ရိုက်ကွင်းကပုံရိပ်လေးတွေကို Facebook မှာ တင်ခဲ့ပါတယ်။ ချစ်သူဘဝကစလို့ လက်ထပ်ထိမ်းမြားတာအပြင် ကလေးတွေနဲ့ပျော်ရွှင်စွာ အိုမင်းတဲ့အထိနေထိုင်သွားကြတဲ့ ချစ်သူ၂ဦးရဲ့ဘဝပုံစံမျိုးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီပုံရိပ်လေးတွေက အဆိုတော်တွေဖြစ်ကြတဲ့ သားငယ် နှင့် ဘီလီလမင်းအေးတို့ရဲ့ "ခိုင်မြဲတဲ့အချစ်" ဆိုတဲ့ သီချင်း MTV လေးရဲ့ ရိုက်ကွင်းပုံလေးတွေပဲ ဖြစ်ပါတယ်။

ကြည်နူးအားကျချင်စရာကောင်းတဲ့ အချစ်စစ်တစ်ခုကို ရိုက်ကူးထားတာ ဖြစ်ပြီး ပရိသတ်တွေရှေ့ကိုလည်း မကြာမှီချပြတော့မယ့် သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ လတ်တလောမှာ တိုင်ရွန်က ပွဲတွေတက်ရောက်နေသလို ရိုက်ကူးရေးတွေလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသားချောလေး တိုင်ရွန်နဲ့ သရုပ်ဆောင်မေကဗျာဦးတို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Tyron Bejay ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။