Zahvia ဟာ March 6, 2001 မှာမွေးဖွားခဲ့ပြီး အသက်(၁၇)နှစ် သာ ရှိသေးတဲ့ တေးရေး၊ တေးဆို အမေရိကန်Rapperအဆိုတော်ဖြစ်ပါတယ်။ နာမည်ရင်းကတော့ Zhavia Ward Vercetti ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ Californiaပြည်နယ် Los Angeles မှာနေထိုင်ပါတယ်။သူမဟာ The Four: Battle for Stardom on Fox သီချင်းဆိုပြိုင်ပွဲမှာ နာမည်ကြီးခဲ့တဲ့ Top Finalist လေးယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။The Four စင်ပေါ်မှာ ယှဉ်ပြိုင်စဉ်က သူမ အသက်ဟာ (၁၆)နှစ်ပဲ ရှိပါသေးတယ်။

Zhavia ဟာ ဂီတအနုပညာ မျိုးရိုးက ဆင်းသက်လာသူဖြစ်ပါတယ်။ သူမရဲ့ အမေဟာ ရော်ခ့်ဂီတ metal band တစ်ခုက အဆိုတော်ဖြစ်ပြီး သူမ အဖေ နဲ့ အမေ ဟာ သူမ တို့ ငယ်စဉ်ကတည်းက ကွာရှင်းခဲ့ပါတယ်။ အမေဖြစ်သူ နဲ့ အတူ နေထိုင်ပြီး သူမမှာ ညီမလေး တစ်ယောက်ရှိပါတယ်။Zhavia ရဲ့ ဂီတအနုပညာဝါသနာကို သူမ မိခင်က အပြည့်အ၀ ထောက်ပံ့ပေးခဲ့ပြီး အမေက Rocker အဆိုတော်ဖြစ်ပေမဲ့ သူမက တော့ Rapper အဆိုတော်ဖြစ်ပါတယ်။ The Four မှာ ယှဉ်ပြိုင်စဉ်က သူမသာ Winner ဖြစ်ခဲ့ရင် သူမ အမေ့အတွက် အိမ်လေးတစ်လုံး ဝယ်ပေးချင်တယ်လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

Zhavia ကို လူတွေ သတိပြုမိစေတာကတော့ အာဖရိက Rapperအဆိုတော် ထားကြတဲ့ deadlocked ဆံပင်မျိုးနဲ့ ခပ်ရှားရှား ဖက်ရှင်လ်နဲ့ မိန်းကလေး မျိုးဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်လ်နဲ့ အသံ ပါဝါကို ယုံကြည်တဲ့ Columbia Records နဲ့ မီလီယံ သန်းပေါင်းများစွာ တန်တဲ့ စာချုပ်တစ်ခုမှာ လက်မှတ်ထိုး ခဲ့ပြီး" Deadpool 2" ရုပ်ရှင်ဇာတ်လမ်းမှာ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Welcome To The Party” ဆိုတဲ့ သီချင်းမှာ ကမ္ဘာ့ကျော် Rapperအဆိုတော် Lil Pump ၊ Diplo, French Montana တို့ သုံးယောက်နဲ့ အတူရဲ့ကိုယ်ပိုင် အနုပညာလှုပ်ရှားမှု အနေနဲ့ သီချင်းစတင် ဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ တော့ လွန်ခဲ့တဲ့ ဇူလှိုင်(၂၇)ရက်နေ့ က သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် Solo Mini album ဖြစ်တဲ့ " Candlelight " ဆိုတဲ့ သီချင်း ကို စတင် ထွက်ရှိခဲ့ပါတယ်။သူမရဲ့ သီချင်းမှာ ...." အရာအားလုံးကို မုန်းတီးနေတဲ့စိတ်နဲ့ အိပ်ယာပေါ်မှာ လဲနေမိတယ်။ လမ်းတစ်ဝက်မှာ ကျန်ရစ်ခဲ့တဲ့ အကွာအဝေးတစ်ခုကို တောင့်တမိနေဆဲ။မင်း ဆက်ချစ်မှာလား..။ မင်း ငိုနေမှာလား၊ ကိုယ်ကို့ကိုယ် ဆက်လိမ်ပြီး အသက်ရှင်မလား၊ ဘဝအတွက် ရှေ့ဆက်မလား.. " ဆိုတဲ့ အမိုက်စား အဆွေးသီချင်းတွေနဲ့ စပ်ဆိုလို့ ထားပါတယ်။

source: youtube;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။