ပရိသတ်ကြီးရေ ဖူးလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မေတိုးခိုင်လေးကတော့ တက်သစ်စ အနုပညာရှင်လေးတစ်ဦး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လွတ်လွတ်လပ်လပ်နေတတ်တဲ့ သူမက ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး ပရိသတ်တွေကြားရေပန်းစား အောင်မြင်နေသူလေး ဖြစ်ပါတယ်။ ဒါ့အပြင် သူမက နိုင်ငံကျော်မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေးလည်း ဖြစ်ပြီး အန်တီ့ခြေရာကို နင်းမယ့် နောက်တက်မင်းသမီးလေးလည်း ဖြစ်ပါတယ်။ 

သူမက "Hearty Heart " က ထုတ်လုပ်တဲ့ နှုတ်ခမ်းနီကြော်ငြာလေးတွေက တစ်ဆင့် လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီးလှတဲ့ သူမက Makeup Tutorial ဗီဒီယိုလေးတွေကိုလည်း မကြာခဏရိုက်ကူးလေ့ရှိပြီး ပရိသတ်တွေကလည်း အားပေးကြတာ တွေ့ရပါတယ်။ ရှိုးပွဲတွေမှာလည်း ပါဝင်လျှောက်လှမ်းနေပြီဖြစ်တဲ့ ဖူးလေးက LUSH Magazine ကကျင်းပပြုလုပ်ခဲ့တဲ့ ဖက်ရှင်ရှိုးပွဲမှာလည်း မော်ဒယ်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

ဒီပွဲလေးကို " The Tea Factory " မှာ ဇူလိုင် ၂၈ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ထိပ်တန်းမော်ဒယ်တွေနဲ့ အမိုက်စားဝတ်စုံတွေကို ပြသခဲ့တာ ဖြစ်ပါတယ်။ဒီ "Luscious Party " ပွဲလေးကို အနုပညာရှင်များစွာက တက်ရောက်ခဲ့ကြပြီး ဖူးလေးကိုလည်း အဖြူရောင် ဂါဝန်လေးနဲ့ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း အလှဆုံးဝတ်စုံလေးနဲ့ ကလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ဖူးလေးရဲ့ပုံလေးတွေကို ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: May T. Khine & Snow Miley ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။