ကလေးငယ်တွေအတွက် ပရဟိတကုသိုလ်ပြုခဲ့တဲ့ အကယ်ဒမီနေတိုး

မြန်မာအနုပညာလောကရဲ့ အကျော်အမော်တစ်ဦးဖြစ်သူ ထပ်ဆင့်အကယ်ဒမီနေတိုးဟာ ယနေ့မှာ အများသူငှာ သာဓုခေါ်စရာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တာနဲ့ ပတ်သတ်ပြီး သူ့ရဲ့လူမှုကွန်ယက်မှာ ယခုလိုပဲ ရေးသားထားတာတွေ့ရပါတယ်………

"ကျွန်တော်ချစ်သော ကျွန်တော့်ကိုချစ်ကြသော ပရိသတ်များ၏ ကျေးဇူးကြောင့်ဒီနေ့ မှာ အလှူ လေးတခုလုပ်ဖြစ်ခဲ့ပါတယ် တကယ်တော့သူတို့လေးတွေဟာ ကျွန်တော်တို့အားလုံး တနေ့မဖြစ်မနေသွားကြရမဲ့ လမ်း ကို ကျွန်တော်တို့ထက်အချိန်စောစွာ သွာကြဖို့ ပြင်ဆင်နေကြတဲ့ ကင်ဆာဝေဒနာခံစားနေရတဲ့ ချစ်စရာခလေးငယ်လေးတွေပါ တချို့ ခလေး တွေက last minute မှာရှိနေပါတယ် ခလေးတွေရဲ့နောက်ဆုံးအချိန်မှာ ပြုံးပျော်နိုင်အောင်လုပ်ပေးခွင့်ရတဲ့ အနုပညာရှင်တယောက်ရဲ့ဘဝကိုတွန်းတင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလဲ ကျေးဇူးတင်လိုမဆုံးနိုင်ပါဘူး

ကျွန်တော် ရေးဆွဲခဲ့တဲ့ပန်းချီကားတချပ်ကိုသတိရမိတယ်

(လက်များဖြင့်လောကကြီးကိုအလှဆင်ပါ)

ပရိသတ်များမှ ပေးအပ်သော အနုပညာတာဝန်များကို ကြိုးစားထမ်းဆောင်ရင်း ထာဝရ .... နေတိုး"

ဟု ပုံနှင့်တကွ ရေးသားထားတာတွေ့ရပါတယ် ပရိသတ်ကြီးရေ……

Source: Nay Toe:Myanmar Famous Actor

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။