ဂျင်းကောင်လေးရဲ့ မမြင်ဝင်းဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့အချစ်တွေအားလုံးကို သိမ်းပိုက်ထား နိုင်တဲ့ မင်းသမီးလေးပိုင်ဖြိုးသုတစ်ယောက် လက်ရှိဖြစ်ပေါ်နေတဲ့ ပဲခူးကရေဘေးအတွက် ဘီစကစ်မုန့်များ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) မှဆရာဝန် ကြီးများ နဲ့အတူ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ တကယ်လိုအပ်နေတဲ့နေရာတွေ မှာ လှူဒါန်းခဲ့တာမို့ သာဓုခေါ်ပါတယ် သုရေ။

သူမဟာ ဒါရိုက်တာ ဏကြီးနဲ့လည်းချစ်ကျွမ်းဝင်နေပြီး မကြာသေးခင်က စေ့စပ်ပွဲပြုလုပ်ထား ကာ မင်္ဂလာပွဲကိုတော့ ပရိသတ်တွေက စောင့်မျှော် နေကြတာဖြစ်ပါတယ်။ လှတာထက် ချစ်စရာကောင်းတဲ့သူမရဲ့ရိုးရိုးရှင်းရှင်း ပုံစံလေးကြောင့် ပရိသတ်တွေက ပိုပြီး ချစ်ခင်အား ပေးကြတာပဲ ဖြစ်ပါတယ်။ " သရဲမ ဘီလူးမနှင့် မိန်းမပျို (3 Girls) " ဇာတ်ကားနဲ့ အကယ်ဒမီ ဆုကိုလည်း သူမက ပိုင်ဆိုင်ခဲ့ပါသေးတယ်။

သူမရဲ့မွန်မြတ်တဲ့ အလှူလေးကို " မနေ့က မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) မှဆရာဝန် ကြီးများနှင့်အတူ ပဲခူးရေဘေးသင့်ပြည်သူများအတွက် ခုနစ်ရက်သားသမီးပရိတ်သတ်များ ကိုယ်စားငါးသေတ္တာနှင့်ဘီစကစ်မုန့်များလှူဒါန်းခဲ့ပါတယ် လိုက်ပါလှူဒါန်းဖို့ဖိတ်ခေါ်ပေး ကြတဲ့ ပါမောက္ခ ဒေါက်တာဒေါ်မာမာကြည် ပါမောက္ခဒေါက်တာဒေါ်အေးအေးကြီးနှင့် ဒေါက်တာဦးဝင်းဇော်တို့အားလည်းအထူးပင်ကျေးဇူးတင်ပါတယ်ရှင်" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ မွန်မြတ်တဲ့အလှူလေးအတွက် ထပ်တူဝမ်းသာကြည်နူးမိပါတယ်။

Photo - Paing Phyoe Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။