ပရိသတ်အချစ်တော်တွေဖြစ်တဲ့ နေတိုးနဲ့သက်မွန်မြင့်တို့ကတော့ အနုပညာလမ်းကြောင်းပေါ် မှာအမြဲအတွဲညီညီမြင်တွေ့ရတဲ့ သရုပ်ဆောင်တွေ ပါပဲ။ အနုပညာလောကမှာ ဆယ်စုနှစ် တစ်ခုတိုင် အောင်မြင်မှုသရဖူတွေဆောင်းထားနိုင်တဲ့အနုပညာရှင်တွေဖြစ်သလို ပရိသတ် တွေရဲ့ အချစ်တွေ ကို အပြည့်အဝရရှိနေကြသူတွေလည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား ကြီးတွေ ဗီဒီယိုဇာတ်ကားတွေနဲ့ကြော်ငြာများစွာကိုအတူတွဲဖက်ရိုက်ကူးခဲ့ပြီး နှစ်ယောက်ဆုံ တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကိုလည်း ပရိသတ်တွေသဘောတွေ့ခဲ့ကြပါတယ်။
လက်ရှိမှာလည်း နှစ်ယောက်အတူတွဲဖက်ကာအနုပညာ ခြေလှမ်းသစ်တစ်ခုပုံဖော်နေ ကြတာပဲဖြစ်ပါတယ်။ အတူရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ် ကားကြီးကတော့ " ချည် " လို့ အမည်ရပြီး အချစ်ရဲ့နက်နက်ရှိုင်းရှိုင်းခံစားချက်များနဲ့ ဒရမ်မာဆန်ဆန်ဇာတ်လမ်းမျိုး ပဲဖြစ် ပါတယ်။ ဒီဇာတ်ကား ထဲမှာတော့ သူတို့နှစ်ဦးကိုကယန်းတိုင်းရင်းသားပုံစံလေးနဲ့ ပရိသတ် တွေမြင်တွေ့ရမှာဖြစ်ပြီး မြင်ဖူးနေကြပုံစံတွေထဲကကွဲထွက်စေမယ့် ဇာတ်ကားတစ်ကားပဲဖြစ် ပါတယ်။
ဒီဇာတ်ကားမှာ တော့ အဓိကသရုပ်ဆောင်တွေအနေနဲ့ နေတိုး၊ သက်မွန်မြင့်နဲ့ ရွှေသမီးတို့ က ပါဝင်သရုပ်ေ်ဆာင်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ကားကတော့ ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး သိပ်မကြာခင်အချိန်မှာပဲ ပရိသတ်တွေဆီရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ထပ်ဆင့် အကယ်ဒမီနေတိုးတစ်ယောက် ဇာတ်ကားရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို တင်လိုက် တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထပ်တူ မြင်တွေ့နိုင်အောင် ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။
Photo - Nay Toe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။