ချစ်ပရိတ်သတ်ကြီးရေ ချစ်စရာ ဟန်ပန်အမှုရာလေးတွေရယ် အသံချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာရထားတဲ့ အဆိုတော်မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကို ပရိတ်သတ်တွေ ချစ်ကြမယ်ထင်ပါတယ်။သူမဟာ အနုပညာလောကထဲကိုသရုပ်ဆောင်အဖြစ် ဝင်ရောက်လာကာ နောက်ပိုင်းမှာတော့ သူငယ်ချင်းနန်းသူဇာနဲ့အတူ သီချင်းများကိုပါ သီဆိုဖျော်ဖြေရင်း ပရိတ်သတ်ပိုမိုရရှိကာ အောင်မြင်မှုရရှိလာတာလည်းဖြစ်ပါတယ်။

အနုပညာရှင်တစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ တစ်ရက်တစ်ခြား အလှတွေပိုလာတာကိုတွေ့မြင်ရပါတယ်။လတ်တလောမှာတော့ Ma Pont ရဲ့ Ready To Wear လေး ဝတ်ဆင်ကာ ပွဲတစ်ခုကိုတက်ရာက်ခဲ့တဲ့ ပုံရိပ်များကို ဖော်ပြထားတာတွေ့ရပါတယ်။ဝတ်စုံလေးနဲ့ အလွန်လိုက်ဖက်နေပြီး ယဉ်ယဉ်လေးနဲ့ လှပနေတာကလည်း သူမရဲ့အလှတရား လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။အဖြူရောင်ဝတ်စုံလေးနဲ့ ပေါ်လွင်နေပြီး အရမ်းကိုချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကလည်း ပရိတ်သတ်တွေရဲ့အချစ်ကိုပိုစေမှာအမှန်ပဲဖြစ်ပါတယ်။

သူမကတော့ အနုပညာအလုပ်တွေ နည်းနေပေမဲ့လည်း နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကိုတော့ ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။နန်းရဲ့ ချစ်စရာကောင်းတဲ့ ဝတ်စုံလေးနဲ့ အလွန်လိုက်ဖက်နေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။နန်းလည်း ဒီထက်မကအောင်မြင်မှုတွေရရှိပြီး သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source:Nann Myat Phyo Thin

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။