လက်ရှိ မြန်မာ့အနုပညာလောကရဲ့ နာမည်ကြီးကြယ်ပွင့်ဖြစ်တဲ့ သက်မွန်မြင့်ကိုတော့ မသိသူရှားလိမ့်မယ်ထင်ပါတယ်။ သရုပ်ဆောင်မှုပိုင်းမှာ သူမတူအောင်ပိုင်နိုင်လွန်းပြီး လက်ရှိပရိသတ်အချစ်တော် နေတိုးနှင့်အတူ ချည်ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေကြောင်း သိရပါတယ်။  

ဒီကနေ့ ဇူလိုင်လကိုကုန်ဆုံးခဲ့ပြီး သြဂုတ်လသို့ ကူးပြောင်းခဲ့ပြီပဲနှစ်ပါတယ်။ လသစ်ကူးပြောင်းသွားခဲ့ပြီးဖြစ်လို့ သက်မွန်မြင့်ကတော့ ဆုမွန်ကောင်းတွေတောင်းခြင်းနှင့်အတူ စတင်လိုက်တာတွေ့ရပါတယ်။ 

သက်မွန်မြင့်ရဲ့ စာသားလေးကတော့

"Hello August!

ချစ်ခြင်းမေတ္တာတရားတွေ အများကြီး သယ်ဆောင်ပေးပါ

2018 နှစ်စကနေ July 23 မတိုင်ခင်ထိ ဖြတ်သန်းခဲ့ရတဲ့ နာကျင်ခံစားရမှုတွေ ပျော်ရွှင်ချမ်းမြေ့ရမှုတွေမှာ ပျော်ရွှင်ချမ်းမြေ့ရခြင်းတွေပဲ အတ္တကြီးစွာ တောင်းဆိုပါရစေ"ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ပျော်ရွှင်မှုတွေကို များစွာပိုင်ဆိုင်ချင်ကြတဲ့ ပရိသတ်အချစ်တော်သက်မွန်မြင့်ရဲ့ သြဂုတ်လကရောဘာတွေဖြစ်မလဲဆိုတာပရိသတ်တွေလဲ သိချင်နေမယထင်ပါတယ်။

Photos - Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။