အနုပညာလမ်းကြောင်းပေါ်မှာ တော်တော်လေးနေရာရလာခဲ့ပြီဖြစ်တဲ့ ဖိုက်တာမလေးအဖြစ်နဲ့ လူသိများတဲ့ သ ရုပ်ဆောင်ယဉ်လက်ကတော့ ပရိသတ်တွေ ချစ်ခင်ရတဲ့ တက်သစ်စ သရုပ်ဆောင်မင်းသမီးချောလေးဘဲ ဖြစ်ပါတယ် ။ " စစ်ကိုမုန်း ၍ တိုက်ခဲ့သည် " ဇာတ်ကား မှာ ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ သူလေးဆိုလည်းမမှားပါဘူး ။

အနုပညာ လောကထဲစဝင်ကာစမှာ မိန်းမဆန်ဆန် သိပ်မဝတ်စားတတ်တဲ့သူမဟာ ယောက်ျားလေးတစ်ယောက်လိုဘဲ ပေါ့ပေါ့ပါးပါး အဝတ်စားမျိုးနဲ့လွတ်လွ တ်လပ်လပ် နေတတ် သူလေးပါ ။ အခုတော့ အနုပညာလမ်းကြောင်းပေါ်လျှောက်ရင်း သူမဟာ မိန်းမ ဆန် ဆန် အဝတ်စားတွေဝတ်တတ်လာပြီဖြစ်ပြီး မိန်းကလေးဆန်ဆန် အလှတရားတွေနဲ့ အရမ်းကိုကြွေချင်စရာကောင်းလာပါတယ်နော် ။ " အကြာကြီး ပစ်ထားမိသလိုများဖြစ် သွား လား ... မ , ပြန်လာပြီ ...1stAugust မှာ အရာရာ ချို မြိန်ခြင်းတွေနဲ့ ပြည့်နှက်နေပါစေ လို့ ... နော်" ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာ ကနေတစ်ဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ ။

သူမရဲ့ပရိသတ်တွေကတော့ သူမကို လွမ်းနေတာလို့ မှတ်ချက်ပေးထားကြတာ တွေ့ရပါ တယ် ။ အနုပညာလောလမ်းကြောင်းပေါ်မှာ ဖိုက်တာမလေးအဖြစ်သာ နာမည်ကြီးပေမယ့် မိန်းမဆန်တဲ့ ပုံစံလေးတွေနဲ့ လည်းတကယ့်ကို ကြည့်ကောင်းလှသူလေးပဲ ဖြစ်ပါ တယ်။ နာမည် လေးနဲ့လိုက်အောင်ယဉ်ယဉ်လေးနဲ့လှသူလေး ပါနော်။သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို လည်းချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါ တယ်နော်။

Source : Yin Latt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။