ပရိသတ်ကြီးရေ သီချင်းတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့ မိစန္ဒီကတော့ လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ သူမရဲ့အသံက ဆွဲဆောင်မှုရှိသလို သီချင်းစာသားလေးတွေကလည်း ပရိသတ်ရင်ကို ထိစေတာကြောင့် နာမည်ကြီးအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ Rap, Hip- Hop, Pop စတဲ့ ဂီတသီချင်းအမျိုးအစားတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။

သူမရဲ့သီချင်းတွေက လူငယ်တွေကြားမှာ ရေပန်းစားလေ့ရှိပြီး ဇူလိုင်၂၀ရက်နေ့ကလည်း "မွဲနေပြီ (Empty Pocket)"ဆိုတဲ့ Single သီချင်းအသစ်လေးကို ထွက်ရှိခဲ့ပါတယ်။ သီချင်းအသစ်လေးတွေကို အမြဲဖန်တီးလေ့ရှိတဲ့ မိစန္ဒီက အခုလည်း နိုင်ငံခြားအဆိုတော် Lancifer နဲ့အတူ "HIGH-5 (ရိုက်လိုက်)" ဆိုတဲ့ အမိုက်စားသီချျင်းအသစ်လေးကို ပူးပေါင်းဖန်တီးခဲ့ပါတယ်။ ဘာသာစကားမတူတဲ့ အဆိုတော်၂ယောက်အတွက် အခက်အခဲတွေရှိကြပေမယ့်လည်း အကောင်းဆုံးဖန်တီးထားကြပြီး ဇူလိုင်၂၈ရက်နေ့က ထွက်ရှိခဲ့ပါတယ်။

အခုလည်း မိစန္ဒီက ဆံပင်ကောက်ကောက်လေးနဲ့ အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံလေးတွေကို အသစ်တင်ထားတာ တွေ့ရပါတယ်။ ကလေးဆန်ဆန်လေးနဲ့ တစ်မျိုးလေးလှနေတဲ့ သူမက "ကိုကို့ရဲ့ ဝက်မလေး" ဆိုတဲ့စာသားလေးတွေနဲ့ ပုံလေးတွေကို facebook မှာ တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း ဆက်ကျော်မလေးလို လွတ်လပ်ပျော်ရွှင်နေတဲ့ မိစန္ဒီရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: Mi Sandi ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။