တစ်ချိန်က လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ကျော်ကြားခဲ့တဲ့ ထိပ်တန်း အမျိုးသမီးအဆိုရှင်တွေ ဖြစ်တဲ့ ခင်ဘုဏ်း ၊ ရေဗက္ကာဝင်း ၊ ယုဇန နဲ့ မေစံပယ် ညိုတို့ လေးယောက် ရဲ့အမိုက်စားသီချင်းတစ်ပုဒ် ထွက်ရှိလာပါတယ် ။

ဒီအမျိုးသမီး အဆိုရှင် လေးယောက်ဟာဆိုရင်တစ်ဦးချင်းစီ တစ်ကိုယ်တော်တေး စီးရီးခွေ တွေ ထွက်ရှိခဲ့ပြီး အသီးသီး အောင်မြင်ခဲ့တဲ့အပြင် ပရိသတ်ရင်ထဲရောက်မယ့် သီချင်း ပေါင်း များစွာရဲ့ အဆိုရှင်တွေပါဘဲ ။

လတ်တလောမှာတော့ ခင်ဘုဏ်း ကိုယ်တိုင်ရေးထားပြီး ယုဇန၊ မစပယ်ညို ၊ ခင်ဘုဏ်း၊ ရေဗက္ကဝင်း တို့ လေးယောက်သီဆိုထားတဲ့ ကိုယ်ပိုင်သံစဉ် တစ်ပုဒ်ဖြစ်တဲ့ “အရင်လို အသက်ရှုမဝတဲ့ ပဋိပက္ခ အလွမ်းနေ့ရက်ရှည်”ဆိုတဲ့ သီချင်းလေးထွက်ရှိလာခဲ့ ပြီဖြစ် ပါတယ် ။ ရေဗက္ကာဝင်းအောင်မြင်ခဲ့တဲ့ အရင်လို ၊ ခင်ဘုဏ်းအောင်မြင်ခဲ့တဲ့ အသက်ရှူ မဝတဲ့ ၊ ယုဇန အောင်မြင်ခဲ့တဲ့ ပဋိပက္ခ ၊ မေစံပါယ်ညိုအောင်မြင်ခဲ့တဲ့ အလွမ်းနေ့ ရက် ရှည်များ စတဲ့ အသီးသီး ပရိသတ် လက်ခံခဲ့တဲ့ သီချင်းတွေကို စုစည်းထားတာဘဲ ဖြစ်ပါတယ်

mtv အမိုက်စားနဲ့အနုပညာခြေလှမ်းတွေကျဲနေပြီဖြစ်တဲ့ သူမတို့ လေးယောက်ကို ပြန်လည် ပြီး တစ်စုတစည်းထဲမြင်တွေ့ရမှာဖြစ်ပါတယ် ။ သူမတို့ရဲ့သီချင်းတွေကို စုစည်းပြီး ရေးထားတဲ့ ခင်ဘုဏ်းရဲ့သီချင်းအသစ်လေးနဲ့ သူမတို့လေးယောက်ရဲ့ သီချင်းကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Kin Bone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။