ဘိုမရုပ်မလေးနဲ့တူတဲ့ မော်ဒယ်မေဂရေ့စ်ပယ်ရီဟာ သြစတေးလျနိုင်ငံမှာ မိသားစုနဲ့အခြေချ နေထိုင်သူလေးဖြစ်ပြီး မြန်မာပြည်မှာ အနုပညာ အလုပ် တွေလုပ်ကိုင်နေသူဖြစ်ပါတယ်။ စကားသံဝဲဝဲလေးနဲ့ သူမရဲ့ချစ်စဖွယ် အမူအရာလေးတွေဟာ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အ၀ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီဇိုင်နာမပုံ့ရဲ့ ချစ်စဖွယ် အဖြူရောင်ဝတ်စုံလေးကို သူမက အလှပဆုံးအနေအထားနဲ့ ဝတ်ဆင်ထားတာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေမှာ သူမကို သိပ်မတွေ့ရပါဘူး။ ကျောင်းတက်စရာတွေရှိနေသေးတာကြောင့် ပရိသတ်တွေနဲ့ အလှမ်းဝေးသလိုဖြစ်နေ တယ်လို့လည်း သူမဆိုပါတယ်။ ဘယ်လိုပဲအလှမ်းဝေးဝေး အမြဲတမ်းအားပေးနေတဲ့ ပရိသတ်ကြီး လည်း ကျေးဇူးတင် ကြောင်း သူမကဆိုပါတယ်။ အနုပညာအလုပ်တွေကိုလည်း အရင်လိုပြန်လုပ်တော့မယ်လို့ဆိုပါတယ်။

ဒီဇိုင်နာမပုံ့ရဲ့ဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ သူမကို " ဘိုမရုပ်လေးလို အမြဲချစ်ဘို့ ကောင်းတဲ့ May ဆယ်ကျော်သက်အရွယ်ထဲက ခုထိ Aunty Pont ဆိုပြီးတွေ့တိုင်းကလေးတ ယောက်လိုအမြဲ ပြေးဖက်နုတ်ဆက်တက်တယ် ကိုယ့်ရဲ့ Dress လေးနဲ့ Show မှာ တပတ် လှည့်လိုက်တာ သိပ်လှတာဘဲ May " ဆိုပြီး မပုံ့က ချစ်စနိုးနဲ့ ပြောထားတာပဲဖြစ်ပါတယ်။ မေဂရေ့စ်ရဲ့ အလှပဆုံး ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Ma Pont

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။