တိုးတိုးတိတ်တိတ် ဆိုတဲ့သီချင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ ခပ်ချောချော အဆိုတော် မင်းသားလေး ဟိန်းမင်းသူကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ Justin Bieber လို့ တင်စားကြတဲ့ အဆိုတော်လေးပဲဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ အမိုက်စား Body အချိုးအစားနဲ့ မို့ မိန်းကလေးတိုင်း ကို စိတ်ကူးယဉ်ရတဲ့ Handsome Guys ပုံစံ စတိုင်လ်နဲ့ ယောကျာ်းလေးပုံစံ တွေထဲက တစ်ဦး ဖြစ်သလို ကောင်းမွန်တဲ့ အသံပါဝါနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်သူပါ။

သူရဲ့ သီချင်းသစ် MTV အတွက်သာမက နောက်ထပ်ရိုက်ကူးမဲ့ ရိုက်ကူးမဲ့ ရုပ်ရှင်ဇာတ်လမ်းတွေအတွက် Perfect ပိုဖြစ်အောင် ဟိန်းမင်းသူ အနေနဲ့ အနုပညာအလုပ်ကိစ္စတွေ တော်တော် များများ ကို ရပ်နားခဲ့ပြီး Body tranformation ဘက်ကို အကောင်းဆုံး ကြိုးစားခဲ့သလို ခုဆိုရင်တော့ အမိုက်စား ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Justin Bieber လို့ တင်စားကြတဲ့ အပေါ် ဟိန်းမင်းသူ အနေနဲ့ Justin Bieber ကို ကြိုက်ပေမဲ့လည်း သူရဲ့ စတိုင်လ် ကို တုပဝတ်ဆင် လေ့ မရှိဘူး လို့ဆိုလိုက်ပါတယ်။

ကိုယ်ပိုင်စတိုင်လ် အပြင်အဆင်တွေနဲ့ အမြဲတမ်း အထာကျနေတဲ့ ဟိန်းမင်းသူက တော့ သူရဲ့ Facebook စာမျက်နာ ထက်ကနေ သရေဂျာကင်၊ ဘောင်းဘီ အနက်နဲ့ အထာကျနေတဲ့ အမိုက်စား Street Boy ပုံစံ ပုံရိပ်လေးတွေနဲ့ သူ့ ပရိသတ်တွေကို " Likes and Shareလုပ်လိုက်အချစ်ရေးကံပွင့်သွားလိမ့်မယ်" လို့ စနောက်ကာ ဆိုလိုက်ပါတယ်။ အရိပ် ဇာတ်လမ်းတွဲထဲက ဆေးကျောင်းသားလေး စိုင်း အဖြစ် သရုပ်ဆောင် တစ်ယောက် အဖြစ် ပရိသတ်တွေကို အချစ်ကို ပြန်လည် နေရာယူနိုင်ခဲ့သလို အလျင်သင့်သလို နောက်ထပ်သရုပ်ဆောင်ပိုင်းနဲ့ ရုပ်ရှင်တွေမှာ ထပ်မြင်တွေ့ရဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်..။

source: Hein Min Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။