ပရိသတ်ကြီးရေ ဖြူဖွေးပြီး တရုတ်မင်းသားလေးတွေလို ချောမောတဲ့ ကောင်းမြတ်စံကတော့ MRTV-4 ဇာတ်လမ်းတွဲတွေက တစ်ဆင့်ပရိသတ်တွေကြား အောင်မြင်ကျော်ကြားလာသူ ဖြစ်ပါတယ်။ " The Sign Of Love " ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ စတင်သရုပ်ဆောင်ခဲ့ပြီး ပျိုမေလေးတွေရဲ့ အသည်းကျော်လေး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူပါဝင်သရုပ်ဆောင်ထားတဲ့ " အမုန်းမှသည် " ဇာတ်လမ်းတွဲလေးကလည်း ပရိသတ်တွေကြား ရေပန်းစား အောင်မြင်ခဲ့ပါတယ်။

"ကိုးလ် " ဆိုတဲ့ နာမည်လေးနဲ့ လူငယ်တွေအားလုံးရဲ့ စိတ်ဝင်စားအားပေးမှုရရှိခဲ့တဲ့သူက မြန်မာနိုင်ငံဇာတ်လမ်းတွဲတွေရဲ့ ပထမဆုံးမင်းသားလို့ ဆိုလို့ရလောက်အောင် ပထမဆုံးစတင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူက ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ကြော်ငြာတွေဆက်တိုက် ရိုက်ကူးနေရပြီး အခုလည်း ကောင်းမြတ်က ကမ်းနားမှာအပန်းဖြေရင်း ဓာတ်ဖမ်းခဲ့တဲ့ပုံလေးတွေကို သူရဲ့ပရိသတ်တွေအတွက် ဝေမျှထားတာ တွေ့ရပါတယ်။

ကောင်းမြတ်စံက "ဒီနေရာလေးကို ချစ်သူစုံတွဲလေးတွေလာကြတယ်တဲ့..... ကျွန်တော်သူတို့အတွက် ပျော်ပါတယ် ကျွန်တော်ကျတော့ သူက ဟိုးအဝေးကြီးမှာ..အလွမ်းတွေ ရင်မှာပိုက်ရင်း ဓါတ်ပုံလေးတွေနဲ့ မှတ်တမ်းတင်ခဲ့တယ်.. အလွမ်းရဲ့ ဒိုင်ယာရီသို့ " ဆိုတဲ့စာသားလေးတွေနဲ့အတူ လွမ်းလွမ်းဆွေးဆွေးလေး တင်ထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသားချောလေး ကောင်းမြတ်စံရဲ့ အလွမ်းပုံရိပ်လေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kaung Myat San;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။